မုံရွာကုန်စည်ဒိုင် သြဂုတ်လ ဒုတိယပတ် ပဲဈေးကွက်လက်ကျန်ပဲနည်းလာလို့ ကုလားပဲဈေး ဆက်လက်မာ
                                                    
                
	မုံရွာကုန်စည်ဒိုင် သြဂုတ်လ ဒုတိယပတ် ပဲဈေးကွက်မှာ ပြည်ပဝယ်လက် ရပ်သွားပေမယ့် ပြည်တွင်းသုံး ဝယ်လိုအား မြင့်နေဆဲမို့ ပဲလက်ကျန်နည်းသလို  ဈေးလည်း ဆက်လက် မာခဲ့တာ တွေ့ရပါတယ်။  ယခုတစ်ပတ်အတွင်းမှာ ကုလားပဲ ဖြူလုံးကြီး   တစ်တင်း ၄၁၇၀ဝ ကျပ်၊    ထိုင်ဝမ်တစ်တင်း ၄၀၃၀ဝ ကျပ်နဲ့ ၉၂၉တစ်တင်း ၃၉၇၀ဝ ကျပ်အထိ   ဈေး အသီးသီး မာနေပြီး၊ ဒေသတွင်းနဲ့ မန်းဝယ်လက် အဝယ်ပုံမှန် အဆွဲရှိလို့ တစ်ရက် အိတ် ၅၀ဝ မှ ၇၀ဝ ကြား အရောင်းအဝယ် ဖြစ်နေတယ်လို့ ဒိုင်ရပ်ကွက်က သိရပါတယ်။ငုံနီဈေးကွက်မှာတော့ယခုတစ်ပတ်မှာ တစ်တင်း ၄၁၇၀ဝ ကျပ် ဝန်းကျင်အထိ ဈေးဆက်လက်အေးနေကာ ကြောက်ရောင်းကြောက်ဝယ်ဆိုသလို ကျဈေးကြောက်လို့ ရောင်းသူရှိသလို၊ ဈေးကျလို့ လှောင်ဖို့ဝယ်သူလည်း ရှိခဲ့တယ်လို့ ဈေးကွက်က ဆိုပါတယ်။ ကျဈေးနဲ့   အေးနေတဲ့ ယခုတစ်ပတ်အတွင်း အရောင်းအဝယ်ဖြစ်မှုလည်း  မငြိမ်သက်ခဲ့လို့ တစ်ရက်ကို
	အိတ် ၃၀ဝ၊ ၅၀ဝ၊ ၁၀ဝ၀ ပုံမှန်မဟုတ်ဘဲ ဖြစ်နေတယ်လို့ ကုန် သည်ရပ်ကွက်က ဆိုပါတယ်။
	စိမ်းကြီးဈေးကွက်အနေနဲ့လည်း     ပဲအရည်အသွေး နိမ့်ကျလို့ ပြည်ပဝယ်လက် မရှိသလောက် ပါးခဲ့ကာ၊ ဒေသခံ ကုန်သည်လှောင်လက်  အနည်းငယ်သာ ဝယ်ယူမှုရှိနေလို့ တစ်ရက် အိတ် ၃၀ဝခန့် အရောင်းအဝယ်ဖြစ်ခဲ့ကာ ယခုတစ် ပတ်အတွင်း တစ်တင်း ၂၅၀ဝ၀ ကျပ်မှ ၂၄၀ဝ၀ ကျပ်အထိ ပေါက်ဈေး အေးသွားခဲ့တာ တွေ့ရပါတယ်။ယခုတစ်ပတ် မတ်ပဲ ဈေးကွက်မှာ ဒေသခံနဲ့ ပြည်တွင်း ဝယ်လက် ပုံမှန်ရှိခဲ့ပြီး၊ ပေါက်ဈေးအားဖြင့် ပဲအမျိုးအစားအရ တစ်တင်း ၄၈၀ဝ၀ကျပ်၊ ၅၀ဝ၀ဝ ကျပ်နဲ့ ၅၂၀ဝ၀ ကျပ် အသီး သီး ဈေးငြိမ်နေပြီး၊ တစ်ရက် အိတ် ၂၀ဝ ခန့် ပုံမှန်အရောင်း
	အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ကျန်ဒေသသုံး  ပဲလက်လီဈေးကွက်အနေနဲ့ ပဲအများ စု ဆက်လက် ငြိမ်သက်နေခဲ့ရာ  စွန်တာနီ တစ်တင်း ၁၄၅၀ဝ ကျပ်၊ ပဲနီလုံးကြား ၁၆၅၀ဝကျပ်၊ ပဲကြီး ၂၆၀ဝ၀ ကျပ်၊ မလွမ်း ပို ၁၆၀ဝ၀ ကျပ်၊ ပုဂံပဲ ၁၇၅၀ဝကျပ်၊ မြေထောက်ပဲ ၁၈၀ဝ၀ ကျပ်နဲ့ ပဲယင်း ၁၆၅၀ဝ ကျပ် အသီးသီး ပေါက်ဈေးဖြစ်ခဲ့ကာ ပဲတစ်မျိုးလျှင် တစ်ရက် အိတ် ၁၅၀ မှ ၃၀ဝ ကြား အရောင်း အဝယ်ပုံမှန်သာ ဖြစ်ခဲ့တယ်လို့  မုံရွာကုန်စည်ဒိုင်ရပ်ကွက်က လေ့လာသိရှိရပါတယ်။
	                           ထွန်းလှိုင် (မုံရွာ)
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General