ဆန်ချော အဝယ်လိုက်ပြီး ဆန်ဈေးတက်

ရန်ကုန်  ဝါးတန်းဆန်ဈေးကွက်မှာ ဆန်ချောဖြစ်တဲ့ရွှေဘိုပေါ်ဆန်းဆန်တစ်အိတ်ကို ကျပ် ၃၅၀ဝ ခန့်ဈေးတက် ပြီးကျန်တဲ့ နယ်စုံပေါ်ဆန်းဖြစ်တဲ့  ဖျာပုံ၊ ပုသိမ်၊  ကျိုက်လတ်ကတော့ တစ်အိတ်ကိုကျပ် ၅၀ဝ ခန့်စီ  ဈေးတက်ကြောင်းဝါးတန်းဆန်ကုန်စည်ဒိုင်မှ သိရပါတယ်။ယခုတစ်ပတ်မှာ ဖျာပုံပေါ်ဆန်းဆန်ထိပ်စ တစ်အိတ်ကိုကျပ် ၃၆၀ဝ၀ နဲ့ လတ်စတစ်အိတ်ကို ကျပ် ၃၃၅၀ဝ၊ မြောင်းမြ၊ပုသိမ်ပေါ်ဆန်း ဆန်ထိပ်စတစ်အိတ် ကျပ် ၃၇၅၀ဝနဲ့ လတ်စတစ်အိတ်ကို ကျပ် ၃၄၅၀ဝ၊ နယ်စုံ(ကျိုက်လတ်) ထိပ်စတစ်အိတ်ကိုကျပ် ၃၅၅၀ဝ နဲ့ လတ်စတစ်အိတ်ကို ကျပ် ၃၃၀ဝ၀ဖြစ်ပြီး ယခင်တစ်ပတ် ဈေးထက်တစ်အိတ်ကိုကျပ်၅၀ဝခန့်စီဈေးတက်လာပါတယ်။ လူကြိုက်များတဲ့ရွှေဘိုပေါ်ဆန်းဆန်ကတော့ တစ်အိတ်ကို ကျပ် ၄၃၀ဝ၀ မှ ကျပ် ၄၆၀ဝ၀ အထိရှိပြီး  ယခုတစ်ပတ်
အတွင်းမှာ  တစ်အိတ်ကိုကျပ် ၃၅၀ဝ ခန့် ဈေးတက်လာတယ်လို့ သိရပါတယ်။ လဆန်းပိုင်းဖြစ်တာရယ်၊ လူကြိုက်များပြီး
အဝယ်လိုက်လာလို့    ဆန်ဈေးတက်လာတာဖြစ်တယ်လို့ဝါးတန်းဆန်ဈေးကွက်မှ သိရှိရပါတယ်။ဧည့်မထဆန်ကတော့ထိပ်စတစ်အိတ်ကျပ် ၂၃၀ဝ၀ နဲ့လတ်စတစ်အိတ်ကျပ် ၂၁၅၀ဝ၊ မနောသုခ တစ်အိတ်ကို ကျပ်၂၆၀ဝ၀ မှ ၂၇၀ဝ၀ နဲ့ဈေးငြိမ်နေပြီး၊ နွေသီးထပ်(ရှယ်) တစ်
အိတ် ကျပ် ၁၉၅၀ဝ မှ ကျပ် ၂၀၃၀ဝ ၊ နွေဆန်ရက် ၉၀ တစ်အိတ် ကျပ် ၂၀ဝ၀ဝ မှကျပ် ၂၁၅၀ဝ ဖြစ်လို့  တစ်အိတ်ကို ကျပ်
၅၀ဝ ခန့်စီဈေးတက်လာပါတယ်။ အိတ်စပို့ဆန် ဧည့်မထ ၂၅မှတ်ကတော့ တစ်အိတ်ကို ကျပ် ၁၇၂၀ဝမှ ကျပ် ၁၇၅၀ဝ ဖြစ်ပြီး ယခင်တစ်ပတ်အတိုင်း မပြောင်းလဲဘဲ ဈေးငြိမ်နေကြောင်းသိရပါတယ်။ ရန်ကုန်ဆန်ဈေးကွက်မှာ အဝင်ကတော့ ပုံမှန်ရှိနေပြီး ရေကြီးတာရယ်   လဆန်းပိုင်းရက် ဖြစ်တာတွေရယ်ကြောင့် အရောင်းအဝယ်သွက်နေတယ်လို့  ဆန်ဈေးကွက်မှသတင်းရရှိပါတယ်။
မူဆယ်ဆန်ဈေးကွက်မှာ ဧည့်မထ ၅ မှတ် မှော်ဘီ ၁၄၃ယွမ်မှ ၁၄၆ ယွမ်  စူပါတစ်အိတ် ၁၄၆ ယွမ်မှ  ၁၄၉ ယွမ်၊ဧည့်မထ မှော်ဘီတစ်အိတ် ၁၃၈ မှ ၁၄၁ ယွမ်၊ စူပါတစ်အိတ်  ၁၄၄ မှ ၁၄၅ ယွမ်၊ မနောသုခ ၂၅ မှတ် တစ်အိတ် ၁၃၀ မှ ၁၄၁ယွမ်၊ ငစိန် ၅ မှတ်တစ်အိတ် ၁၄၅ မှ ၁၄၇ ယွမ်၊ ၁၅ မှတ်တစ်အိတ် ၁၄၀ မှ ၁၄၃ ယွမ်နဲ့ ၂၅ မှတ်တစ်အိတ်  ၁၃၆ မှ ၁၃၈ယွမ်ဈေးရှိပြီး မူဆယ်မှာတော့ ဆန်ဈေးငြိမ်နေတာတွေ့ ရပါတယ်။  မူဆယ်ကုန်စည်ဒိုင်ကို မြို့တွင်းနယ်စုံမှ ဆန်အဝင်တစ်နေ့ ပျမ်းမျှ ၉၅၆တန်ရှိပြီး သြဂုတ် ၅ ရက်မှ ၁၁ ရက် အထိအဝင်   စုစုပေါင်းတန်ချိန် ၆၆၉၀ ရှိတယ်လို့  သိရပါတယ်။မူဆယ်ကုန်စည်ဒိုင်မှာ သြဂုတ် ၁၂ ရက် ငွေလဲနှုန်းအရ တစ်ယွမ်ကို ၁၇၆ ဒသမ ၆၇ ကျပ်နဲ့ ဈေးပိတ်ခဲ့တယ်လို့ သိရပါတယ်။
                                   ယဉ်ယဉ်အေး

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General