ပုသိမ်မြို့ဆန်စပါးဈေးကွက်တွင် ဈေးနှုန်းတည်ငြိမ်လျက်ရှိ
                                                    
                
	ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ ဆန်စပါးဈေးကွက် တွင် စပါး၊ ဆန်ဈေးနှုန်းမှာ ယခင်ဇူလိုင်ဈေးနှုန်းအတိုင်း ယခု လက်ရှိ သြဂုတ်လဆန်းပိုင်းတွင် ဈေးနှုန်းပြောင်းလဲမှုမရှိဘဲ ဈေးကွက်မှာ  ပုံမှန်သာ  
	
	ရောင်းဝယ်လျက်ရှိကြောင်း သိရပါ တယ်။
	ယခင်လ ဧရာဝတီပေါ်ဆန်း ၁၀၅ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ၁၀ သိန်းခွဲ၊ ပေါ်ဆန်းရင်စပါး ၁၀၅ ပေါင် တင်း ၁၀ဝ လျှင် ကျပ် ကိုးသိန်းခွဲ ၊ ဆန်ဈေးမှာ ဧရာဝတီပေါ်ဆန်း ဆန်တစ်အိတ်လျှင်ကျပ်
	
	၃၅၀ဝ၀၊ ပေါ်ဆန်းရင်ဆန် တစ်အိတ် လျှင်ကျပ် ၃၄၀ဝ၀ နဲ့ ဧည့်မထအုပ်စုဝင် ရွှေသွယ်စပါး ဈေး မှာ ပေါင် ၁၀ဝ တင်း ၁၀ဝ လျှင် ကျပ် ရှစ်သိန်းခွဲ၊ ဆန်ဈေးမှာ တစ်အိတ်လျှင်ကျပ် ၃၂၀ဝ၀၊  မနောသုခ၊  
	
	မျိုးပွားစပါးပေါင် ၁၀ဝ၊ တင်း ၁၀ဝလျှင် ခြောက်သိန်းခွဲဈေး၊ ဆန်တစ်အိတ်လျင် ကျပ် ၂၄၀ဝ၀၊ ၂၅၀ဝ၀ ဈေးနဲ့  နွေသီးထပ်ရင်စပါးဈေး ပေါင် ၁၀ဝ တင်း ၁၀ဝ လျှင် ငါးသိန်းခွဲဈေး၊ ဆန်တစ်အိတ်လျှင်  
	
	ကျပ် ၂၁၀ဝ၀၊ ၂၁၅၀ဝ ဈေးဖြင့်  ဇူလိုင်ဈေးနှုန်းနဲ့ သြဂုတ်လဆန်း ဈေးနှုန်းမှာ ယခုအချိန်အထိ ထူးထူးခြားခြား အတက်အကျ ပြောင်းလဲမှုမရှိဘဲ ပုံမှန်ရောင်းဝယ်လျက်ရှိကြောင်း ဆန်စပါး
	
	အသိုင်းအဝိုင်းမှ သိရပါတယ်။
	ယခင်နှစ် မိုးစပါးလက်ကျန် စပါးဟောင်းနဲ့ နွေသီးထပ် ရင်စပါးများ တစ်လထက် တစ်လလျော့နည်းလျက်ရှိပြီး ယခင် နှစ် မိုးစပါး၊ နွေစပါး စိုက်ပျိုးသော တောင်သူမှာ ယခင်နှစ်ထက်
	
	စပါးဈေးနှုန်းမြင့်တက်မှုကြောင့်  တောင်သူများ တွက်ခြေ ကိုက်တဲ့ ဈေးနှုန်းရရှိတဲ့အတွက်  ဈေးကွက်မှာ ဝယ်၊ ရောင်း သဘောမျိုး ဖြစ်နေပြီး ယခုအချိန် လှောင်စပါး လက်ကျန်များ လည်း
	
	လျော့နည်းလျက် မိမိဝယ်လက်များကို ပုံမှန်ရောင်း ချသည့် စက်ပိုင်ကုန်သည်အချို့ထံတွင် မိုးစပါးနဲ့ နွေသီးထပ် ရင် လက်ကျန်များသာရှိတော့ကြောင်း၊ စပါးဟောင်းများမှာ မိုးစပါးလှိုင်လှိုင်ပေါ်ချိန်
	
	နိုဝင်ဘာ၊ ဒီဇင်ဘာလများသာမက ဇန်နဝါရီလအထိ ဈေးကွက်မှာ အမြင့်ဈေးနှုန်း  ရရှိတတ် ကြောင်း ဆန်ကုန်သည်အသိုင်းအဝိုင်းမှ သိရပါတယ်။
	    မင်းမင်းဦး(ပုသိမ်)
	 
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General