လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များ ထိရောက်စွာ အသုံးပြုရေး အလုပ်ရုံ ဆွေးနွေးပွဲကျင်းပ

လွတ်လပ်သော ကုန်သွယ်မှုဆိုင် ရာ သဘောတူညီချက်များကို ထိရောက် စွာ အသုံးချရေး အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၆  ခုနှစ်၊ သြဂုတ် ၃ ရက် နံနက်က UMFCCI အစည်းအဝေးခန်းမမှာ

ကျင်းပပြုလုပ်ခဲ့ပါတယ်။  အလုပ်ရုံဆွေး နွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ပို့ကုန်သွင်းကုန်ရုံး ရန်ကုန်မှ ညွှန်ကြားရေး မှူး  ဦးဝင်းလွင် နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကုန်

သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းမှ   တာဝန်ရှိပုဂ္ဂိုလ်များ၊ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ၊  ကုန် သွယ်မှု သင်တန်းကျောင်း အမှတ်စဉ် (၈) မှ ကျောင်းသား၊ ကျောင်းသူများနှင့်

စိတ်ပါဝင်စားသူများ  တက်ရောက်ခဲ့ပါ တယ်။
အခမ်းအနားတွင် ကုန်သွယ်ရေး ဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ပို့ကုန် သွင်းကုန်ရုံး ညွှန်ကြား ရေးမှူး ဦးဝင်းလွင် က  အမှာစကား ပြောကြားရာမှာ   မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးလုပ်ငန်း ရှင်များ၊   

ရင်းနှီး မြှုပ်နှံသူများအနေဖြင့်   မြန်မာနိုင်ငံမှ ပါဝင်လက်မှတ်ရေးထိုး ထားတဲ့ ဒေသတွင်း ကုန်သွယ်ရေးဆိုင် ရာ သဘောတူ ညီချက်များကို ထိရောက် စွာ အသုံးပြုနိုင်ဖို့ အာဆီယံပေါင်းစည်းမှု

အစီအစဉ်အရ သဘောတူစာချုပ် ချုပ် ဆိုထားသော ကုန်သွယ်ဖက်နိုင်ငံများ အကြား အကောက်ခွန် ကင်းလွတ်သက် သာခွင့်နှင့် ကုန်သွယ်မှုဆိုင်ရာအတား အဆီးများ ဖယ်ရှားရေးတို့ကို ထိရောက်

စွာအသုံးပြုလျက် မြန်မာပို့ကုန်သွင်းကုန် လုပ်ငန်း ရှင်များက လွတ်လပ်သော ကုန်သွယ်မှု ဒေသအခွင့်အရေးများကို အပြည့်အဝ ခံစားနိုင်ရန် ယခုအလုပ်ရုံ ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊

အခုဆိုရင် အာဆီယံမှာ AEC Bluepoint 2025 ကို သွားနေပြီဖြစ်တာမို့ မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ  ကုန် ထုတ်လုပ်သူများ ယခုထက် အကျိုး အမြတ်ရရှိစေဖို့ ဝိုင်းဝန်းကြိုးပမ်း  ဆောင်

ရွက်နိုင်ရေးအတွက် ကုန်သွယ်ရေး  တစ်ခုတည်း မဟုတ်ဘဲ  ဘက်စုံကနေ  ဆောင်ရွက် ရမှာဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။
ဆက်လက်၍ ဘာသာရပ်ဆိုင် ရာ တာဝန်ခံ၊ ဒုတိယညွှန်ကြားရေးမှူး များက ပင်ရင်းဒေသ  စည်းမျဉ်းများ အကြောင်း၊ WTOနဲ့ ဒေသတွင်း သဘောတူညီချက်များ အကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း   

ဖြစ်ပေါ်ခဲ့တဲ့ အာဆီယံရဲ့ ကဏ္ဍအစုံအခြေအနေများ ကို ရှင်းလင်းဟောပြောခဲ့ပါတယ်။
ထို့နောက်   သိလိုသည့်အချက် များကို လုပ်ငန်းရှင်များက မေးမြန်းရာ ပြန်လည်ရှင်းလင်း   ဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General