အောင်လံဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်းဈေးကျ
                                                    
                
	ဒီတစ်ပတ် အောင်လံဈေးကွက်မှာ ပဲစင်းငုံနီနဲ့ ပဲတီစိမ်း ဈေးကျပြီး နှမ်းနီနဲ့ သိပ္ပံနှမ်းဈေးအနည်းငယ်တက်ခဲ့ကြောင်း သိရ ပါတယ်။ ယခင်တစ်ပတ်က တစ်ပိဿာ ၂၂၁၅ ကျပ်ရှိခဲ့တဲ့ ပဲစင်းငုံနီကတော့
	
	ယခုတစ်ပတ်မှာ တစ်ပိဿာ၂၀၅၀ ကျပ် (တစ် တန်ကို ၁၂၅၅၃၉၉ ကျပ်) နဲ့ ဈေးနိမ့်အဝယ်ဖွင့်ခဲ့ပါတယ်။ အရောင်းအဝယ်ဖြစ်မှုအနေနဲ့ တစ်ပတ်အတွင်းအိတ် ၂၀ဝ ခန့် သာရှိခဲ့ကြောင်းလည်း
	
	သိရပါတယ်။ ယခင်တစ်ပတ်က တစ် ပိဿာ ၁၂၇၅ ကျပ်ဖြစ်ခဲ့တဲ့ ပဲတီစိမ်းကလည်း ဒီတစ်ပတ်မှာ  တစ် ပိဿာကျပ် ၁၂၅၀ (တစ်တန်ကို ၇၆၅၄၈၇ ကျပ်) ဖြစ်ခဲ့တာ မို့ ယခင်တစ်ပတ်နဲ့  နှိုင်းယှဉ်ပါက
	
	ဈေးကျခဲ့ကြောင်းနဲ့ တစ်ပတ် အတွင်းမှာအိတ် ၃၀ဝ ခန့်သာ အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း လည်းသိရပါတယ်။ နှမ်းမျိုးစုံအနေနဲ့ နှမ်းနီတစ်ပိဿာ ၁၉၃၅ ကျပ်၊ နှမ်းနက် တစ်ပိဿာကျပ်၂၁၁၀ ၊
	
	သိပ္ပံနှမ်းတစ်ပိဿာ ကျပ် ၃၃၈၀ ဖြစ်ခဲ့တာမို့ ယခင်တစ်ပတ်နဲ့နှိုင်းယှဉ်ပါက နှမ်းနီနဲ့ သိပ္ပံ နှမ်းတို့ဈေးတက်ခဲ့ပြီး နှမ်းနက်ကတော့ ယခင်တစ်ပတ် ဈေးနှုန်း အတိုင်း ဆက်လက်ရှိနေကြောင်းနဲ့
	
	နှမ်းမျိုးစုံအရောင်းအဝယ် အေးနေကြောင်းလည်းသိရပါတယ်။
	 
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General