ချင်းရွှေဟော်မှ နှမ်းတန်ချိန် နှစ်ထောင် ကျော်တင်ပို့
                                                    
                
	မြန်မာ-တရုတ်နယ်စပ်ရှိ  ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဇူလိုင် နောက် ဆုံးပတ်တွင် အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၂၄ သန်းတန်ဖိုးရှိ နှမ်းဖြူ  ၉၂၁ တန် ကျော်နဲ့ နှမ်းနက် ၁၂၄၅
	
	တန်ခွဲတင်ပို့ခဲ့ပါတယ်။ ယခင် ရက်သတ္တပတ်က ချင်းရွှေ ဟော်မှ နှမ်းရောင်စုံ ၁၇၇၁ တန်ကျော်နဲ့ တာချီလိတ်မှ နှမ်းနက် ၁၀ တန် တင်ပို့ခဲ့ပါ တယ်။
	မေလ  ဒုတိယပတ်ကတည်းက မူဆယ်မှ နှမ်းတင်ပို့မှုမရှိတော့ပေမယ့် မူဆယ် ကုန်စည်ဒိုင်မှာတော့  ဇူလိုင် ၂၂ ရက်က နှမ်းဖြူတစ်တန် ၁၂၀၈၉၇၅ ကျပ်၊ နှမ်းနက် တစ်တန် ၂၂၅၂၄၃၅ ကျပ်ရှိခဲ့ပြီး၊
	
	ဇူလိုင် ၂၉ ရက်နေ့မှာ နှမ်းဖြူဈေး ၁၂၁၁၂၆၈ ကျပ်နဲ့ နှမ်းနက်ဈေး ၂၂၆၇၆၀ဝ ကျပ်သို့ ဈေးအနည်းငယ်မြင့်တက်ခဲ့တာ တွေ့ရပါ တယ်။
	ဇူလိုင်လအတွင်း ချင်းရွှေဟော်မှ နှမ်းရောင်စုံ  တန်ချိန် ၆၈၀ဝ ကျော်၊ မြဝတီ မှ နှမ်းနက် ၃၇ တန်နီးပါးနဲ့ တာချီလိတ်မှ နှမ်းနက် ၁၀ တန်ပြည်ပသို့ တင်ပို့နိုင်ခဲ့တယ် လို့ သိရပါတယ်။
	 
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General