မြေသြဇာတန်ချိန် ၉၀ဝ၀ ကျော်ဝင်

ဇူလိုင် ၂၄ ရက်မှ ၃၀ ရက်သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၂၁၁၄၈၅၆ တန်ဖိုးရှိ မြေသြဇာ ၉၃၂၇ ဒသမ ၆၀၄တန်ကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်း မှ တင်သွင်းခဲ့ပါတယ်။  ဒီလကုန်ချိန်မှာ  

မြေသြဇာ  အသုံးများလာတာကြောင့် မြေသြဇာ တင်သွင်းမှုလည်း များခဲ့တယ်လို့  သိရပါတယ်။ ဒီတစ်ပတ် ချီလီနိုင်ငံမှ ၂၇ တန်၊  တရုတ်နိုင်ငံမှ ၆၄၀၉ ဒသမ ၅၆၄ တန်၊အိန္ဒိယနိုင်ငံမှ ၁၂ တန်၊

ဂျပန်မှ၂၆တန်၊ ကိုရီးယားမှ၂၃ဒသမ ဝ၄၀ တန်၊ စင်ကာပူမှ ၂၁၆ တန်နဲ့ ထိုင်း မှ၂၆၁၄ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။  ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ အများ ဆုံးတင်သွင်းခဲ့ပြီး ထိုင်းနိုင်ငံမှ

ဒုတိယအများဆုံး တင်သွင်းခဲ့တယ်လို့ သိရပါတယ်။တင်သွင်းခဲ့တဲ့ အမျိုးအစားများမှာ မဂ္ဂနီဆီယမ် ဆာလဖိတ်၊နိုက်တြိုဂျင်၊ ယူရီးယား၊ အမိုးနီးယမ်း ဆာလဖိတ်နဲ့ ကွန်ပေါင်းတို့ဖြစ်ပါတယ်။

ယခင်သီတင်းပတ် မြေသြဇာ တင်သွင်းမှုမှာတန်ချိန်၉၆၀ဝကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန်၂၉၀ ကျော် တင်သွင်းမှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General