ဒီတစ်ပတ် ဓာတ်ဆီ၊ ဒီဇယ်တင်သွင်းမှုနားခဲ့

 ဇူလိုင် ၂၄ရက်မှ ၃၀ ရက် သီတင်းပတ်အတွင်း ပင်လယ်ရေကြောင်းလမ်းမှ
ဒီဇယ်၊  ဓာတ်ဆီ တင်သွင်းမှုရပ်နားခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်မှာ စက်ဆီ၊   ချောဆီများသာ တင်သွင်းခဲ့တယ်လို့သိရပါတယ်။ လချုပ်အနေနဲ့ကြည့်မယ်ဆိုရင် ဇွန်လအတွင်းဒီဇယ်၊ ဓာတ်ဆီ တင်သွင်းမှုမှာ တန်ချိန်၂၅၉၃ တန်ကျော်ရှိခဲ့ပြီး ဇူလိုင်လမှာ တန်ချိန်၈၈၀ကျော်ရှိခဲ့တာကြောင့် ဇူလိုင်လမှာဒီဇယ်၊ဓာတ်ဆီတန်ချိန် ၁၇၁၀ ကျော် တင်သွင်းမှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။
နယ်စပ်စခန်းများဖြစ်တဲ့ မြိတ်စခန်းမှ ကန်ဒေါ်လာ၅၅၀၆၂၅တန်ဖိုးရှိ ဒီဇယ် တန်ချိန် ၁၁၁၀ တင်သွင်းခဲ့သလို မြဝတီစခန်းမှ ကန်ဒေါ်လာ၁၁၅၇၈ တန်ဖိုးရှိ ဒီဇယ် ၃၁တန်နဲ့ ကန်ဒေါ်လာ၂၅၇၈၀ တန်ဖိုးရှိ ဓာတ်ဆီ ၄၅တန်နဲ့ တာချီလိတ်စခန်း မှ ကန်ဒေါ်လာ၂၆၂၁၈၀တန်ဖိုးရှိ ဓာတ်ဆီ၅၂၅ တန်နဲ့ ကန်ဒေါ်လာ ၂၅၅၅၇၅ တန်ဖိုးရှိ ဒီဇယ်၅၇၄ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
ရန်ကုန်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်များမှာ    ရောင်းချနေတဲ့  အောက်တိန်း (၉၂)၊ ဒီဇယ်၊ အဆင်မြင့်ဒီဇယ်နဲ့ အောက်တိန်း (၉၅)မှာ ဈေးအနည်း ငယ်ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချ နေတဲ့ဈေးမှာ ဒီဇယ်၅၀ဝ ကျပ်၊အောက်တိန်း (၉၂) ၅၀ဝ ကျပ်၊ အောက်တိန်း (၉၅) ၆၂၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၅၅၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။ သြဂုတ် ၁ ရက် ဒီဇယ်ဝယ်ဈေး ၁၀ဝ၀ဝ၀ ကျပ်၊ ရောင်းဈေး ၁၀၅၀ဝ၀ ကျပ် ဈေးရှိခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင် တစ်ပတ်ဈေးနဲ့ယှဉ်ရင် ၂၀ဝ၀ ကျပ်ဝန်းကျင်ဈေးကျခဲ့တယ်လို့သိရပါတယ်။ဓာတ် ဆီပီပါဈေးမှာ သြဂုတ် ၁ ရက်တွင် ဝယ်ဈေး ၁၂၁၀ဝ၀ကျပ်၊ ရောင်းဈေး ၁၂၅၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ၂ ရက်တွင် ဝယ်ဈေး၁၁၉၀ဝ၀ ကျပ်၊ ရောင်းဈေး ၁၂၂၀ဝ၀ကျပ် နဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်ဈေး နဲ့ယှဉ်ရင် ဝယ်ဈေး၊ ရောင်းဈေး ၃၀ဝ၀ ကျပ်ဝန်းကျင်ဈေးကျခဲ့တယ်လို့ သိရပါတယ်။တစ်ဂါလန်ဈေးမှာ ဒီဇယ်ရော ဓာတ်ဆီပါ တစ်ဂါလန်၂၈၀ဝ-၃၀ဝ၀ ကျပ်နဲ့အရောင်း အဝယ်ဖြစ်တယ်လို့ သိရပါတယ်။           
မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေတယ်။ ပုဂ္ဂလိကဆိုင်များတွင်ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ ၊ ဒီဇယ်၊ အဆင့်မြင့်ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးအနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ပုဂ္ဂလိကစက်သုံး ဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ၆၄၅ ကျပ်၊ ဒီဇယ် ၅၅၅ ကျပ်၊ အဆင့်မြင့် ဒီဇယ် ၆၀ဝကျပ်၊ အောက်တိန်း (၉၂) ၆၀ဝ ကျပ်နဲ့ ရောင်းချနေပါတယ်။ပြင်ပ လက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့  ပီပါဈေးများမှာ သြဂုတ်လ၁ ရက်ဒီဇယ်ဝယ်ဈေး ၁၀၅၀ဝ၀ ကျပ်၊ ရောင်းဈေး ၁၀၉၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်ခဲ့ပြီး သြဂုတ် ၃ ရက်တွင် ဝယ်ဈေး ၁၀၃၀ဝ၀ ကျပ်၊ ရောင်းဈေး ၁၀၇၀ဝ၀ ကျပ် ဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ်အရောင်းအဝယ် ဖြစ်တဲ့ဈေးနဲ့ယှဉ်ရင် ဝယ်ဈေး၊ ရောင်းဈေး ၅၀ဝ၀ ကျပ်ဝန်းကျင်ဈေးကျလာခဲ့တယ် လို့သိရပါတယ်။ ဓာတ်ဆီဈေးမှာ  သြဂုတ် ၁ ရက်တွင် ဝယ်ဈေး ၁၃၀ဝ၀ဝ ကျပ်၊ ရောင်းဈေး ၁၃၂၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံးဒီဈေးနဲ့ အရောင်း အဝယ်ဖြစ်တယ်လို့သိရပါတယ်။ ယခင်တစ်ပတ်ဈေးနဲ့ယှဉ်ရင် ဒီဇယ်ဈေးကျခဲ့သော် လည်း ဓာတ်ဆီဈေးငြိမ်နေခဲ့တယ်လို့ သိရပါတယ်။  ပြင်ပလက်လီဆိုင်များတွင် တစ်ဂါလန်ဈေးမှာ  ဒီဇယ် ၂၆၀ဝကျပ်၊ ဓာတ်ဆီ ၃၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ် ဖြစ်တယ်လို့ သိရပါတယ်။
တောင်ကြီးဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့ ဓာတ်ဆီ၊ ဒီဇယ်မှာ ဈေး ငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ဈေးများမှာ ဓာတ်ဆီတစ်ဂါလန် ၂၈၀ဝ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၂၇၀ဝ ကျပ်နဲ့ ရောင်းချတယ် လို့ သိရပါတယ်။ ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီ တစ်ဂါလန် ၂၉၀ဝ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၂၇၀ဝကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါတယ်။
မော်လမြိုင်ဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ဖြစ်တယ် လို့သိရပါတယ်။ ဒီတစ်ပတ် ဓာတ်ဆီဈေးငြိမ်နေပြီး ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေး အနည်းငယ်ကျလာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ်ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေ တဲ့ ဈေးများက ဓာတ်ဆီတစ်ဂါလန် ၃၀ဝ၀ ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၆၅၅ ကျပ်၊ အောက်တိန်းတစ်ဂါလန် ၂၆၁၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ပြင်ပလက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၁၀ဝကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၇၀ဝ ကျပ်၊ အောက်တိန်းတစ်ဂါလန် ၂၇၀ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရ ပါတယ်။   
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General