ကော့သောင်းကုန်သွယ်ရေး စခန်းမှ ဇူလိုင် တတိယပတ်အတွင်း ရေထွက်ကုန်တန် ၂၀ဝ ကျော်တင်ပို့

မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီ ကုန်သွယ်ရေးဇုန်၊ ကော့သောင်း ကုန်သွယ်ရေး စခန်းနဲ့ မြိတ်ကုန်သွယ်ရေးစခန်းမှ ဇူလိုင်တတိယပတ် အတွင်း အမေရိကန် ဒေါ်လာ ၂ ဒသမ ၁၅၁ သန်း တန်ဖိုးရှိ ရေထွက်ကုန် တန်၂၀ဝ၀ ကျော်ကို တင်ပို့ ခဲ့ပါတယ်။  မြဝတီနဲ့  မြိတ်ကုန်သွယ်ရေးစခန်းများမှ တင်ပို့မှု   လျော့နည်းခဲ့ သော်လည်း ကော့သောင်းစခန်းမှ ယခင်တစ်ပတ်ထက် တန် ၃၀ ကျော် ပိုမိုတင်ပို့နိုင် ခဲ့ပါတယ်။
ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ဇူလိုင်လ တတိယပတ်အတွင်း အမေရိ ကန်ဒေါ်လာ သုညဒသမ ၃၇၁ သန်းတန်ဖိုးရှိ ရေထွက်ကုန် ၃၈၂ တန်  တင်ပို့ခဲ့ပြီး ယခင်တစ်ပတ်ထက် တန် ၂၀ဝ ကျော် ပိုမိုတင်ပို့တာ တွေ့ရပါတယ်။ ကော့သောင်း ကုန်သွယ်ရေးစခန်းမှ ဇူလိုင်တတိယပတ်အတွင်း တင်ပို့ခဲ့တဲ့ ရေထွက်ကုန်များ ကတော့ အမေရိကန်ဒေါ်လာ သုညဒသမ ၃၁၄ သန်းတန်ဖိုးရှိ ငါးမျိုးစုံ တန် ၃၀ဝ ကျော် ၊ အမေရိကန်ဒေါ်လာ သုညဒသမ ဝ၂၇ သန်းတန်ဖိုးရှိ ကင်းမွန် ၁၅ တန်၊ အမေရိကန်ဒေါ်လာ သုညဒသမ ဝ၁၇ သန်းတန်ဖိုးရှိ  ပုစွန်နဲ့ အမေရိကန် ဒေါ်လာ သုညဒသမ ဝ၁၃ သန်း တန်ဖိုးရှိ အခြားရေထွက်ကုန် ၁၅ တန်ကို တင်ပို့ခဲ့တယ်လို့ ကုန်သွယ်ရေးစခန်းများမှ သိရပါတယ်။                    ခင်မိုးသူ
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General