ပြည်ဈေးကွက်တွင် မိုးနှမ်းအသစ်များ စပေါ်

ယခုတစ်ပတ် ပြည်ဈေးကွက်တွင် မိုးနှမ်းနီအသစ်များကို မြန်အောင်နှင့် နတ်တလင်းဘက်မှ တစ်နေ့လျှင် အိတ် ၁၀ဝ ခန့် ဝင်ရောက်လာတာ တွေ့ရပါတယ်။ ဝင်ရောက်လာတဲ့ နှမ်းမှာ နှမ်းနက်များဖြစ်သဖြင့်  အောင်လံဘက်မှ စမုံနက်နှမ်း ဈေး အနည်းငယ် မြင့်တက်လာတာ တွေ့ရပါတယ်။ နှမ်းဈေးမှာ အသစ်ရော အဟောင်းပါ ဈေးတူနေတာ တွေ့ရပါတယ်။  ယခုတစ် ပတ် နှမ်းဈေးမှာ နှမ်းနီတစ်တင်းလျှင် ၂၆၆၀ဝ ကျပ်၊ နှမ်းနက် တစ်တင်းလျှင် ၃၃၀ဝ၀ ကျပ် ဖြင့် ယခင်တစ်ပတ်က အတိုင်း ဈေးငြိမ်နေပြီး စမုံနက် နှမ်းတစ်တင်းလျှင် ၅၀ဝ၀ဝ ကျပ်ဖြင့် ဈေးအနည်းငယ် မြင့်တက်လာတာ တွေ့ရပါတယ်။ နှမ်းဆီဈေး ကတော့ ယခင်တစ်ပတ်အတိုင်း တစ်ပိဿာလျှင် ၄၄၀ဝ ကျပ်ဖြင့် ဈေးငြိမ်နေတာ တွေ့ရပါတယ်။                            ဝေဝေမင်း
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General