ဘိလပ်မြေဈေးကွက် အရောင်းအဝယ်အေး

ဇူလိုင် ၁၇ ရက်မှ ၂၃ ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေ အဝင်မှာ ၇၂၃၉တန် ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဘိလပ်မြေ အဝင်မှာ ၃၅၈၈၂ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၂၈၆၀ဝကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်မှာ ၁၁၇၃၇ တန်ကျော်ရှိခဲ့ပြီး၊ ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၈၅၁၇ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၃၂၁၀ ကျော်အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်လျော့ခဲ့ပြီး  နယ်စပ်လမ်းမှ  ဘိလပ်မြေအဝင်ပိုခဲ့ပါ တယ်။
မော်လမြိုင်ဈေးကွက်မှာ ဘိလပ်မြေက ဒီတစ်ပတ်မှာ အရောင်းအဝယ် အေး သလို ဈေးလည်းငြိမ်နေတယ်လို့ သိရပါတယ်။ မိုးများနေပြီး တည်ဆောက်ရေးလုပ် ငန်းများ နားနေတာကြောင့် အရောင်းအဝယ်က တော်တော်လေးပါးတယ်။မဖြစ် မနေ အသုံးရှိတဲ့သူတွေပဲ အဝယ်ရှိတာကြောင့်အရောင်းအဝယ်က အေးလွန်းတယ် လို့ အိမ်ဆောက်ပစ္စည် ရောင်းဝယ်ရေးဆိုင်မှ  တာဝန်ရှိသူတစ်ဦးမှ ပြောပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ဆင်၅၂၅၀ ကျပ်၊ ကြံ့(မြိုင်ကလေး) ၄၈၅၀ ကျပ် စိန်(ထိုင်း) ၅၁၇၅  ကျပ်နဲ့  အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက် ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ သိရှိရပါတယ်။
တောင်ကြီးဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်အေးပြီး ဈေးနည်းနည်း ကျလာတယ်လို့ သိရပါတယ်။ ဒီရက်ပိုင်းမိုးများပြီး ဆောက်လုပ်ရေးလုပ်ငန်း တွေ လည်း နားနေရတာကြောင့် အရောင်းအဝယ်က တော်တော်လေး အေးနေတယ်လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးဆိုင်မှ တာဝန်ရှိသူတစ်ဦးမှ ပြောပါတယ်။ ဆင်နဲ့ စိန်က ၅၀ဝကျပ်-၆၀ဝကျပ်၊ အေသုံးလုံး၊ အပါချီက ၂၀ဝကျပ်၊ နဂါးက ၄၀ဝကျပ်၊ ကမ္ဘောဇက  ၅၀ဝ ကျပ် ဈေးကျလာတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးမှာ စိန် ၆၉၀ဝ ကျပ်၊ ဆင် ၆၈၀ဝကျပ်၊ အေသုံးလုံး ၅၀ဝ၀ ကျပ်၊အပါချီ ၄၇၀ဝကျပ်၊ ကမ္ဘောဇ ၄၃၀ဝကျပ်၊ နဂါး ၄၈၀ဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ အနောက်မြို့ပတ်လမ်းမှာရှိတဲ့ အိမ်ဆောက် ပစ္စည်းရောင်းဝယ် ရေးဆိုင်မှ သိရပါတယ်။
မကွေးဈေးကွက်မှာ ဘိလပ်မြေက အရောင်းအဝယ်အေးတယ်လို့ သိရပါ တယ်။ ဒီတစ်ပတ်မှာ ဆင်တံဆိပ်က ဈေးနည်းနည်းမြင့်လာပြီး ကျန်ဘိလပ်မြေများ က ယခင်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ ဈေးများမှာ ဆင်(ထိုင်း) ၇၅၀ဝ  ကျပ်၊ အပါချီ ၅၃၀ဝ ကျပ်၊ မြင်း ခေါင်း ၅၅၀ဝ ကျပ်၊ကြံ့  ၆၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဘိလပ်မြေ အရောင်းဆိုင်မှ စုံစမ်းသိရှိခဲ့ပါတယ်။
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General