-နို့ဆီတန်ချိန် ၁၀ဝ ကျော်နဲ့နို့မှုန့်တန်ချိန် ၉၀ ကျော်ဝင်

ဇူလိုင် ၁၇ ရက်မှ   ၂၃ ရက် သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၄၇၀၇၁ တန်ဖိုးရှိ   နို့မှုန့်  ၁၂၄ ဒသမ ၁၆၄ တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ  တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ မလေးရှားမှ ၂၄ ဒသမ ၈၀၄ တန်နဲ့  စင်ကာပူမှ ၉၉ ဒသမ ၃၆ တန်ဝင်လာခဲ့ပါတယ်။  ယခင်သီတင်း ပတ် နို့ဆီအဝင်မှာ တန်ချိန် ၈၀ ကျော် ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ ယှဉ်ရင် တန်ချိန် ၃၅ ကျော် အဝင်ပိုခဲ့ တယ်လို့ သိရပါတယ်။
ဒီတစ်ပတ် နို့မှုန့်က စင်ကာပူမှ ၁၇ ဒသမ ၅၆၂ တန်၊နယူးဇီလန်မှ ၂၅ ဒသမ၂၀တန်၊ ှ့ဗ မှ  ၂၈ ဒသမ ၆၉၇တန်၊ သြစတြေးလျမှ  ၅ တန်နဲ့ ပိုလန်မှ ၂၂  တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။  ယခင်သီတင်းပတ်နို့မှုန့် အဝင်မှာ တန်ချိန် ၁၈၀ ကျော်တင်သွင်း ခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ ယှဉ်ရင် တန်ချိန် ၉၀ ကျော်လျော့နည်း ပြီး တင်သွင်းခဲ့တယ်လို့ သိရပါတယ်။
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General