ပြည်မန်ကျည်းမှည့်လက်ကျန် အရောင်းအဝယ်အေးပြီး ဈေးအနည်းငယ်ကျလာ

ပြည်မန်ကျည်းမှည့်  ပွဲရုံများတွင် (လက်ကျန် ဒါးလှီးမန်ကျည်းမှည့်) ဈေး အနည်းငယ်   ကျလာတာ  တွေ့ရပါ တယ်။ အရောင်းအဝယ်အေးပြီး လက် ကျန်များနေတာကြောင့် မန်ကျည်းမှည့် အသစ်များမပေါ်ခင်   မန်ကျည်းမှည့် အဟောင်း  အရောင်းအဝယ် သိပ်မတွင် ဘူးလို့ သိရပါတယ်။ ဂွေးသီး၊ မန်ကျည်း သီးစိမ်း၊ ကင်ပွန်းချဉ်ရွက်၊   မျှစ်ချဉ်၊ ချဉ်ပေါင်ရွက် စတဲ့  ဟင်းသီးဟင်းရွက် (အချဉ်ဓာတ်ပါ) များ ဈေးကွက်အတွင်း ပေါများပြီး ဈေးနှုန်းများ ချိုသာတဲ့ အတွက် မန်ကျည်းမှည့် ရောင်းအားကျ ဆင်းနေပါတယ်။ နယ်တင်ပို့မှုမှာလည်း မရှိကြောင်း သိရပါတယ်။
ယခုတစ်ပတ်   မန်ကျည်းမှည့်  တစ်ပိဿာ (ပွဲရုံဈေး) ၂၅၀ဝ ကျပ်နဲ့ ဒေသတွင်း (လက်လီဈေး) ၃၀ဝ၀ ကျပ် ဈေးတို့ဖြင့် ရောင်းဝယ်လျက်ရှိနေပါ တယ်။   မန်ကျည်းမှည့်   တစ်ပိဿာ ပေါ်တွင် (ပွဲရုံဈေး)  ၃၀ဝ ကျပ်နှင့် (လက်လီဈေး)  ၅၀ဝ ကျပ်အထိ ဈေးကျ လာပါတယ်။ မန်ကျည်းသီးစိမ်း   တစ် ပိဿာလျှင် ၅၀ဝ၀ ကျပ်ဈေးသာ   ရှိ တော့ကြောင်း တွေ့ရပါတယ်။
နီနီဝင်း

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General