-အောင်ပန်းဈေးကွက်မှာ ချင်းအဝင်လှိုင်ဟိုပုံးဈေးကွက်မှာ အရောင်းအဝယ်အေး

အောင်ပန်းဈေးကွက်မှာ ချင်း(ဥမ) တွေ  အဝင်လှိုင်လာပါတယ်။ ချင်းတက် တွေက လက်ကျန်နည်းနေပေမယ့် နယ်အစုံက ဝင်နေတဲ့ ချင်း(ဥမ)တွေကြောင့်သာ ဈေးကွက်မှာ လှိုင်နေတာဖြစ်တယ်လို့ သိရပါတယ်။ လက်ကြီးသမားတွေဖြစ်တဲ့ တပ်ကုန်း၊ စစ်တွေ၊ ပြည်၊ မုံရွာ စတဲ့မြို့တွေကလည်း အဝယ်ရှိနေသလို ဈေးပတ် သမားတွေကလည်း အဝယ်ရှိနေတာကြောင့် တစ်ပတ်အတွင်း ချင်းပိဿာချိန် ပေါင်း နှစ်သိန်းခန့် အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့လည်း သိရပါတယ်။ ဟိုပုံးဈေး ကွက်ကိုဝင်တဲ့ ချင်း(ဥမ)ကတော့ ဒေသတွင်းစားသုံးဖို့အတွက်သာ ဝယ်ယူနေပါ တယ်။ မိုးကလည်းကောင်းနေလို့ အရောင်းအဝယ်ကလည်း အေးနေတယ်လို့ သိရ ပါတယ်။ ရှမ်းပြည်နယ်(တောင်ပိုင်း)ကထွက်တဲ့ ချင်းတွေကတော့ အောင်ပန်းဈေး ကွက်ကို အများဆုံးဝင်ရောက်တာဖြစ်ပြီး အောင်ပန်းဈေးကွက်မှတစ်ဆင့် မြန်မာ ပြည်အနှံ့ကို စီးဆင်းပါတယ်။အောင်ပန်းဈေးကွက်မှာရှိတဲ့ ချင်း(အစို) က တစ် ပိဿာ ကို ၃၀ဝ ကျပ်မှ ၃၅၀ ကျပ်ဈေးရှိပြီး ၊ဟိုပုံးချင်းကတော့ တစ်ပိဿာ ကျပ် ၂၅၀ ဈေးရှိပါတယ်။ ချင်းအခြောက်ကတော့ တစ်ပိဿာ ၁၅၀ဝ ကျပ်မှ ၁၇၀ဝ ထိ ဈေးရှိတယ်လို့ သိရပါတယ်။                                                    ဧခိုင်(တောင်ကြီး)
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General