ပုလဲမြို့နယ်တွင် နွေပဲတီစိမ်းများ စတင်ရိတ်သိမ်း

ပုလဲမြို့နယ်မှာ နွေပဲတီစိမ်းများစတင်ရိတ်သိမ်းနေပြီဖြစ်ပါတယ်။ ပုလဲမြို့ နယ်မှာ နှစ်စဉ်နွေပဲတီစိမ်းစိုက်ဧက သုံးထောင်ကျော်ရှိတဲ့အတွက် တင်းပေါင်း ၃၅၀ဝ၀ ခန့်ထွက်ရှိမယ်လို့ခန့်မှန်းထားပါတယ်။နွေပဲတီစိမ်းပေါက်ဈေးမှာ တစ်တင်းလျှင်ကျပ်၃၀ဝ၀ဝခန့်ရှိတဲ့အတွက်တစ်ဧကကိုကျပ်တစ်သိန်းခွဲခန့်အမြတ်ကျန်နိုင် တယ်လို့ လက်ပုကန်ကျေးရွာမှပဲတီစိမ်းစိုက်တောင်သူဦးစိန်ပြူးကပြောကြားပါတယ်။'ကျွန်တော်တို့ဆီမှာတော့ ရေဆင်း - ၁၄ မျိုးကိုစိုက်ပျိုးပါတယ်။ပဲတီစိမ်း မျိုး ကောင်းမျိုး သန့် တစ်ပြည်ကိုကျပ် ၆၀ဝ၀ပေးဝယ်ရပါတယ်။ ဒီနှစ်မှာအဝါပင်တွေများ တဲ့အတွက် မနှစ်ကလောက်တော့မရပါဘူး။ တစ်ဧကကို၁၀တင်း၊ ၁၂ တင်း လောက် ပဲထွက်ပါတယ်။တစ်ဧကကုန်ကျစရိတ်ကကျပ်၁၇၀ဝ၀ဝလောက်ရှိတာကြောင့်အခုလက်ရှိပေါက်ဈေး တစ်တင်းကျပ်၃၀ဝ၀ဝရှိတဲ့အတွက်အမြတ် တစ်သိန်းခွဲလောက် ကျန်ပါတယ်။ အမြတ်နည်းတာနဲ့များတာပဲကွာသွားမှာပါ'လို့ ၎င်းကပြောကြားခဲ့ပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General