ဗန်းမောက်မြို့နယ်မှထွက်ရှိတဲ့မြီးတုံးဆန်ကို ဖားကန့်ဒေသမှ အဝယ်လိုက်၍ ဈေးကောင်းရနေ

ကချင်ပြည်နယ်ဗန်းမောက်မြို့မှထွက်ရှိတဲ့ မြီးတုံးဆန်ကို ဖားကန့်ဒေသမှအဝယ်လိုက်နေတဲ့အတွက် ဈေးကောင်းရ နေကြောင်းသိရပါတယ်။ ဖားကန့်ဒေသဟာ မိုးရာသီဝမ်းစာ အတွက်မြီးတုံးဆန်ကို ဝယ်ယူသိုလှောင်နေတဲ့အတွက် မြီးတုံးစပါးကိုအများအပြားစိုက်ပျိုးနေကြတဲ့ဗန်းမောက်မြို့နယ်မှ တောင်သူများ အကျိုးဖြစ် ထွန်းလျက်ရှိကြောင်း သိရပါတယ်။မြီးတုံးစပါးများကို ဗန်းမောက်မြို့နယ်မှတစ်ဆင့် အင်း တော်သို့တင်ပို့ပြီး အင်းတော်ဆန်စက်များမှာ ကြိတ်ခွဲကာ ဖားကန့်သို့ တင်ပို့နေတာဖြစ်ပါတယ်။ မြီးတုံးဆန် အဝယ် လိုက်လာတဲ့အတွက် မြီးတုံးဆန်တစ်အိတ်ကို ကျပ် ၃၁၀ဝ၀ အထိဈေးရရှိခဲ့ပါတယ်။ မြီးတုံးစပါးဈေးဟာ ယခု တစ်ပတ်အတွင်းမှာတင်းတစ်ရာကိုကျပ်ရှစ်သိန်းအထိ မြင့်တက်ခဲ့ ပါတယ်။ကသာခရိုင်မှာဆန်စပါးစိုက်ပျိုးမှုရဲ့ ၇၅ ရာခိုင်နှုန်း ကျော်က ဆင်း-၃ စပါးမျိုးသန့်တွေ ကိုသာအဓိကထားပြီး စိုက်ပျိုးကြပါတယ်။ ဆင်း-၃ဆန်ကဈေးကွက်ခိုင်မာမှုရှိသလို တောင်သူလည်းတွက်ခြေကိုက်တဲ့အတွက် အဓိကထားပြီး စိုက်ပျိုးကြ တာဖြစ် ပါတယ်။ဒါပေမယ့်ကသာဆိပ်ကမ်းမှတစ်ဆင့် ဗန်းမော်၊ ဗန်းမော်မှတစ်ဆင့် တရုတ်နိုင်ငံသို့တင်ပို့နေတဲ့ ဆင်း-၃ စပါး ဟာ တင်းတစ်ရာကို ကျပ်ရှစ်သိန်း၊ ကသာဆိပ်ကမ်းအရောက်ဆန်တစ်အိတ်ဈေး ကျပ် ၃၀၇၀ဝ နဲ့ဈေးကောင်းရရှိနေပေမယ့် လက်ကျန်နည်းလာလို့ တင်ပို့မှုလျော့ကျလျက်ရှိပါတယ်။ အဲဒီလိုအချိန် မှာ မြီးတုံးဆန်ကဈေးကောင်းရလာတဲ့ အတွက် မြီးတုံးဆန်တွေကို ကြိတ်ခွဲပြီးတင်ပို့နေရတာဖြစ်တယ် လို့မဲဇာကျေးရွာမှ KW စက်ပိုင် ဒေါ်အားစင်း ကပြောပါ တယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General