ထိုင်းနယ်စပ်မှဇူလိုင် ဒုတိယပတ်အတွင်း ရေထွက်ကုန် ပစ္စည်းတန်ချိန် ၂၀ဝ၀ ကျော်တင်ပို့
                                                    
                
	မြန်မာထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့  ကုန်သွယ်ရေးစခန်းများမှ  ဇူလိုင် ဒုတိယပတ်အတွင်း အမေရိကန်ဒေါ်လာ ၈ ဒသမ ၄၉၃ သန်းတန်ဖိုးရှိ ရေထွက် ကုန်ပစ္စည်းမျိုးစုံ ၂၀၁၅ တန်ခန့်ကို တင်ပို့ခဲ့ပါတယ်။
	တစ်ဖက်နိုင်ငံရဲ့ဝယ်လိုအားရှိတဲ့  ရေထွက်ကုန်ပစ္စည်းများကို  မြဝတီကုန် သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုညဒသမ ဝ၅၉ သန်း တန်ဖိုးရှိငါးမျိုးစုံ ၅၁ တန်၊ အမေရိကန်ဒေါ်လာ သုညဒသမ ဝ၂၄ သန်းတန်ဖိုးရှိ ကဏန်း ၁၃ တန်၊ အမေ ရိကန်ဒေါ်လာ သုညဒသမ ဝ၁၇ သန်းတန်ဖိုးရှိ  ပုစွန်နှစ်တန်ကိုလည်းကောင်း၊ ကော့သောင်းကုန်သွယ်ရေးစခန်းမှ  အမေရိကန်ဒေါ်လာ သုညဒသမ ဝ၈၇ သန်း တန်ဖိုးရှိငါးမျိုးစုံ ၁၂၁ တန်၊  အမေရိကန်ဒေါ်လာ  သုညဒသမ ဝ၀၇ သန်း တန်ဖိုး ရှိ ပုစွန် ၁ တန်၊  အမေရိကန်ဒေါ်လာ သုညဒသမ ဝ၀၄ သန်းတန်ဖိုးရှိ ကင်းမွန် နှစ်တန်ကိုလည်းကောင်း တင်ပို့ခဲ့ပါတယ်။
	မြိတ်ကုန်သွယ်ရေးစခန်းမှလည်း  ငါးမျိုးစုံ၊ အေးခဲပုစွန်၊  အေးခဲကဏန်းပျော့၊ ငါးမှုန့်၊ ရေငန်ပုစွန်၊ ငါးခြောက်၊ ပုစွန်ခြောက်နဲ့ ကင်းမွန်တို့ကို တန်ချိန်ပေါင်း ၁၈၂၂ တန် တင်ပို့ခဲ့တယ်လို့ ကုန်သွယ်ရေးစခန်းများမှ သိရပါတယ်။          
	 
                        အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
                        
                        ကဏ္ဍ General