ပေါက်ခေါင်းမှ ထွက်ရှိသည့်နွေစပါးများ အရောင်းသွက်၊ စပါးအခြောက်ခံစက်များပါ အလုပ်ဖြစ်

ပြည်ခရိုင်အတွင်းတွင်ပေါက်ခေါင်းမှထွက်ရှိသည့် နွေစပါးများ အရောင်းသွက်နေသလို မိုးတွင်း ကာလ ရောက်ရှိလာပြီဖြစ်၍ စပါးအခြောက်ခံစက်များ အလုပ်ဖြစ် လျက်ရှိကြောင်းသိရှိရသည်။ပြည်ခရိုင်အတွင်းတွင်ဇူလိုင်ပထမပတ်အတွင်း သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့မှထွက်သောနွေစပါးထက် မကွေး တိုင်း၊ အောင် လံ၊ တောင်တွင်းဒေသတို့မှထွက်သောနွေစပါးများက အရောင်းအဝယ် ပိုကောင်းသော်လည်း ဇူလိုင် တတိယပတ်အတွင်းထွက်ရှိသော ပြည်ခရိုင်၊ ပေါက်ခေါင်း မြို့မှထွက်သောနွေစပါးများ၏ အရည်အသွေးမှာလည်း ကောင်းမွန် ခြင်းကြောင့် အစိုဓာတ် ၂၀ရာခိုင်နှုန်းရှိ ပေါင် ၅၀ စပါးတင်း ၁၀ဝ လျှင် ၅၂၀ဝ၀ဝ ကျပြ် ဖင့် အောင်လံ၊ တောင်တွင်း နွေစပါးများကဲ့သို့ပင် အရောင်းအဝယ် သွက်လျက်ရှိကြောင်း ဆန်စပါး ရောင်းဝယ်သူများ ထံမှသိရှိရပါသည်။ပြည်ခရိုင်အတွင်းတွင် ဇူလိုင်ဒုတိယပတ်အတွင်း မိုးများလာခြင်းကြောင့် ဒေသတွင်း စက်များရှိ စပါး အခြောက်ခံစက် (Paddy Dryer) များမှ အစိုဓါတ်၂၅ -၂၉ရာခိုင်နှုန်းရှိ စပါး တင်း ၁၀ဝလျှင် ၂၅၀ဝ၀ကျပ်ဈေး၊ အစိုဓာတ်၁၈-၂၅ ရာခိုင်နှုန်းရှိစပါးကို၂၀ဝ၀ဝကျပ် ဈေးဖြင့် စပါးအစိုဓာတ်၁၄ရာခိုင်နှုန်းအထိလုပ်သားခအတင်အချ ပေးစရာ မလိုပဲအခြောက်ခံပေးခြင်းဖြင့် ဒေသတွင်းဆန်စက်များမှ ((Paddy Dryer)များ အလုပ် ဖြစ်လျက်ရှိကြောင်းဆန်စက်ပိုင်ရှင်များ၏ ပြောကြား ချက်အရ သိရှိရ ပါသည်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General