တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့မှု လျော့ကျ

ရွှေလီမြစ်ကြောင်းတစ်လျှောက်ရှိ  ကုန်ပစ္စည်း သယ်ယူရာ   ဇက်ဆိပ်များတွင် ရေကြီးခြင်းကြောင့်  မော်တော်ယာဉ်များ  သွားလာ၍မရသဖြင့် တင်ပို့မရခဲ့တာ ကြောင့် ပြောင်းတင်ပို့မှု လျော့နည်းခဲ့ပါတယ်။  ဇူလိုင်ဒုတိယပတ်တွင် တရုတ်နယ်စပ် စခန်းများမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ဝ၅၃ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၈၀၃၃ တန်တင်ပို့ခဲ့ရာ  မူဆယ်မှ ၄၉၉၈ တန်ခွဲ၊ လွယ်ဂျယ်မှ ၂၇၇၅ တန် ကျော်နဲ့ ချင်းရွှေဟော်မှ  တန်ချိန် ၂၆၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က  မူဆယ်၊ လွယ်ဂျယ်၊ချင်းရွှေဟော်နဲ့  ကန်ပိုက်တီးစခန်းစုံမှ ပြောင်းဖူးစေ့ ၁၃၇၂၁ တန်ခွဲတင်ပို့ခဲ့တဲ့အတွက်  ယခုတစ်ပတ် ပြောင်းတင်ပို့မှု ၅၆၈၇ တန်ကျော် လျော့ နည်းသွားခဲ့ ပါတယ်။
မူဆယ်ကုန်စည်ဒိုင်မှာ ဇူလိုင် ၈ ရက်က ပြောင်းတစ် တန်ကို ၂၇၈၀၈၅ ကျပ်ရှိ ရာမှ ဇူလိုင် ၁၅ ရက်တွင်  ၂၈၁၇၃၁ ကျပ်သို့  ဈေးအနည်းငယ်မြင့်တက်လာခဲ့ပါတယ်။ ကားဝင်ရောက်မှုမှာ ယခုတစ်ပတ်တွင် ၂၅၈ စီး ဝင်ရောက်ခဲ့ကြောင်း၊  အရည် အသွေးပေါ်မူတည်ပြီး အရောင်းအဝယ် ဖြစ်ကြောင်း၊  တရုတ်ဘက်တွင် ရွှေလီမြစ် ရေကြီးသည့်အတွက် ကားဖြင့်သယ်ယူရာတွင်  အခက်အခဲများ ဖြစ်ပေါ်နေကြောင်း မူဆယ်ကုန်သွယ်ရေးဇုန်မှ သတင်းရရှိပါတယ်။                       

  မော်မော်အောင်

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General