မကွေးဈေးကွက်မှာ ပဲစင်းငုံနီဈေး ဆက်လက်တက်ရိပ်ပြ

ဒီတစ်ပတ် မကွေးဈေးကွက်မှာ ပဲစင်းငုံနီဈေး ဆက်လက်တက်ရိပ်ပြနေပြီး ယခင်တစ်ပတ်ကတစ်ပိသာ ၂၃၇၅ကျပ်ရှိခဲ့ ရာက ယခုတစ်ပတ်မှာ တစ်ပိသာ ၂၃၉၀ ကျပ် (တစ်တန်ကို ၁၄၆၃၆၁၂ကျပ်)နဲ့ ဈေးနဲ့အဝယ်ဖွင့်ပြီး တစ်ပတ်အတွင်း အိတ်၈၀ဝ ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်းသိရပါတယ်။ နှမ်းမျိုးစုံအနေနဲ နှမ်း နက်စမုံနဲ့ နှမ်းဖြူဈေးအနည်းငယ် တက်ခဲ့ပြီး နှမ်းနီ ဈေးအနည်းငယ်ကျခဲ့ပါတယ်။ ယခုတစ်ပတ်မှာ နှမ်းဖြူဈေး တစ်ပိသာ ၂၀၉၀ ကျပ်၊ နှမ်းနီ တစ်ပိသာ ၁၉၁၀ ကျပ်၊ နှမ်းနက် စမုံတစ်ပိသာ ၃၄၂၀ ကျပ်နဲ့ ဈေးဖွင့်အဝယ်ရှိခဲ့ပြီး တစ်ပတ်အတွင်း နှမ်းမျိုးစုံအိတ်၇၃၀ဝခန့် အရောင်းအဝယ် ဖြစ်ခဲ့ကြောင်းသိရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General