ပုလဲမြို့နယ် ရွာသာလိန်ကုန်းမှ ဆန်ကော၊ ဆန်ကာများ အရောင်းအဝယ်ဖြစ်နေ

ပုလဲမြို့နယ်၊ ရွာသာလိန်ကုန်းကျေးရွာတွင်   ဆန်ကော၊ ဆန်ကာလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း တွေ့ရသည်။''ဝါးတစ်လုံးကို ကျပ် ၁၂၀ဝ ၊ အလုံး ၁၀ဝ ပါ ကြိမ် တစ်စည်း ကို ကျပ် ၁၃၀ဝ
နှုန်းနဲ့ အလုံကနေဝယ်ရပါတယ်''ဟု ရွာသာ လိန်ကုန်းကျေးရွာမှ လုပ်ငန်းရှင်ဦးသန်းချိုက ပြောသည်။
ဝါးတစ်လုံးကို ဆန်ကော၊ ဆန်ကာ(အသေး) ရက်ပါက တစ်ရက်လျှင်  ငါးချပ်ရကြောင်း အကြီးဆိုပါက   နှစ်ချပ်ရ ကြောင်း သူကပြောသည်။ ရောင်းဈေးနှုန်းအနေနဲ့ ဆန်ကော၊ ဆန်ကာ အကြီးတစ်ချပ်လျှင်
၃၅၀ဝ ကျပ်၊ အသေး ၂၀ဝ၀ ကျပ် ရောင်းရကြောင်း၊ ဈေးကွက်အနေဖြင့်  မြစ်ကြီးနားအထိ တင်ပို့ရကြောင်း၊   အရင်းက ဝါးလုံးရောကြိမ်ပါ ၂၅၀ဝ-၃၀ဝ၀ ကျပ်ကုန်ကျပြီး  ရောင်းဈေးက တစ်ချပ်ကို ၃၅၀ဝ
ကျပ်ရှိတဲ့ အတွက် အမြတ်အစွန်းအဖြစ် ၃၀ဝ၀-၄၀ဝ၀ ကျပ် ကျန်ရှိ ကြောင်းနဲ့ မိမိတို့ကျေးရွာတွင် ဆန်ကော၊ ဆန်ကာများကို မှာယူလိုပါက လို သလောက် ရက်လုပ်ပေးနိုင်ကြောင်းလည်း ဦးသန်းချိုက
 ပြောပြပါသည်။
သီတာခိုင်(ယင်းမာပင်)

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General