ကျောက်ဆည်ခရိုင်တွင် နွေနှမ်းများ ရိတ်သိမ်း

ကျောက်ဆည်ခရိုင်တွင်  ၂၀၁၅- ၂၀၁၆ခုနှစ်၊ နွေနှမ်းစိုက်ဧကမှာ ၅၀ဝ၉၅ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုအချိန်တွင် နွေနှမ်းများ စတင်ရိတ်သိမ်းပြီဖြစ်ခဲ့ရာ ဇူလိုင် ပထမပတ်အထိ  ၂၇၅၄၃ ဧက ရိတ်သိမ်းပြီးဖြစ်
ပါသည်။ အထွက်နှုန်း အနေဖြင့် တစ်ဧက ပျမ်းမျှ  ၁၄ ဒသမ ဝ၃ တင်းအတွက်   စုစုပေါင်း ၃၈၆၃၈၀ တင်းထွက်ရှိကြောင်း သိရှိရပါသည်။
မိုးနှမ်းစိုက်ပျိုးမှုအနေဖြင့် ၅၀၃၀၆ ဧက စိုက်ပျိုးပြီးကြောင်း သက်ဆိုင်ရာ ဌာန၏ စာရင်းများအရ သိရှိရပါသည်။ နှမ်းကို နှမ်းဖြူ၊ နှမ်းညို၊ နှမ်းနက်၊ စမုံ နက်နှမ်းများကို စိုက်ပျိုးကြ ပြီး အများ ဆုံးစိုက်ပျိုးသော
 နှမ်းမှာ ဂျပန်နှမ်းဖြူ (ရေဆင်း-၄)ဖြစ်ကြောင်း၊ ပက်ကျဲစနစ် တွင် တစ်ဧကမျိုးနှမ်းသုံး ပြည်ကုန်ကျ ပြီး၊ ဘောင်စိုက်စနစ်တွင်  နှစ်ပြည်ကုန် ကျကြောင်း သိရှိရပါသည်။
နှမ်းစိုက်ပျိုးမှုအနေဖြင့်  နှမ်းတစ် ဧကကုန်ကျစရိတ်မှာ   ကျပ်နှစ်သိန်း ဝန်းကျင်ကုန်ကျပြီး၊ အထွက်နှုန်းအနေ  ဖြင့် ၁၂-၁၄ တင်းဝန်းကျင်ထွက်ရှိခဲ့ ပါသည်။ နှမ်းဈေးနှုန်းအနေဖြင့် ယခင် နှစ်တွင် နှမ်းဖြူတစ်
တင်းလျှင် ၄၀ဝ၀ဝ ကျပ်၊ နှမ်းညို  တစ်တင်းလျှင် ၂၆၀ဝ၀ ကျပ်၊ နှမ်းနက်(စမုံ)   တစ်တင်းလျှင် ၃၅၀ဝ၀ ကျပ်၊  ယခုနှစ်တွင် နှမ်းဈေးမှာ နှမ်းဖြူတစ်တင်းလျှင် ၃၀ဝ၀ဝ ကျပ်၊ နှမ်းညိုတစ်တင်းလျှင် ၂၃၀ဝ၀
ကျပ်၊ နှမ်းနက်(စမုံ) တစ်တင်းလျှင် ၃၅၀ဝ၀ ကျပ်ရှိပြီး   ယခုနှစ်တွင် ယခင်နှစ်က ထက်ဈေးနှုန်း   အနည်းငယ်နိမ့်သော် လည်း    အထွက်နှုန်းကောင်းသော ကြောင့် တစ်ဧက အကျိုးအမြတ် အနေ ဖြင့်
ကျပ် ၂၃၀ဝ၀ဝ ဝန်းကျင်ရရှိကြောင်း နွေနှမ်းစိုက်ပျိုးသော သင်ပုတ်ကျေးရွာ မှ တောင်သူဦးအောင်ဆင့်၏  ပြောပြ ချက်အရ သိရှိရပါသည်။
နှင်းလဲ့လဲ့(ကျောက်ဆည်)
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General