လွိုင်ကော်မြို့တွင် ကြက်သွန်ဖြူ(ရှမ်းစ)ဈေးအနည်းငယ်မြင့်တက်

ယခုရက်သတ္တပတ်အတွင်း  ကယားပြည်နယ်  လွိုင်ကော်မြို့တွင် ကြက်သွန်ဖြူ(ရှမ်းစ)ဈေးအနည်းငယ် မြင့်တက်ခဲ့ပါတယ်။
ယခင်တစ်ပတ်က ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ ရှိခဲ့ရာမှ ယခုတစ်ပတ်တွင် ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် ကျပ် ၄၅၀ဝ သို့ဈေးအနည်းငယ် မြင့်တက်သွားပါတယ်။
အခြားပြည်နယ်နဲ့   တိုင်းဒေသကြီးများမှ   ပြည်နယ်အတွင်းသို့ ကြက်သွန်ဖြူ    ယခင်တစ်ပတ်က  အိတ် ၆၀ ခန့် ဝင်ရောက်ခဲ့ပြီး ယခု တစ်ပတ်တွင် အိတ် ၄၀ဝ ခန့်  ဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။                              
ဗညားထက်(Myan Trade )လွိုင်ကော်
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General