အောင်ပန်းချင်းဈေးကွက်မှာ အရောင်းအဝယ်ကောင်းနေ

ဒီတစ်ပတ် အောင်ပန်းဈေးကွက်မှာ ချင်း(ဥမ)တွေ  အဝင်လှိုင်နေပါတယ်။ ကလော၊ အောင်ပန်း၊   ဟဲဟိုး၊ ပင်လောင်းစတဲ့ ဒေသအစုံက ချင်း (ဥမ)တွေက အောင်ပန်းဈေးကွက်ကို ဝင်တာကြောင့် အဝင်များ
သလို ရောင်းအားကလည်း ကောင်းနေပါတယ်။ ပြည်ပတင်ပို့ဖို့အတွက် ပြည်မြို့က ဝယ်လက်တွေ အဝယ် များလာတာကြောင့် တစ်ပတ်ကို ချင်း(ဥမ) ပိဿာချိန် တစ်သောင်းရှစ်ထောင်၊ နှစ်သောင်းခန့်
အရောင်းအဝယ် ဖြစ်နေပါတယ်။
ပြည်တွင်းသုံး ဈေးပတ်သမားတွေကလည်း ချင်း(ဥမ)ကိုသာ ဝယ်ယူနေကြ တယ်လို့လည်း သိရပါတယ်။ ချင်း(ဥမ)က ချင်းတက်တွေထက် ဒါးလှီးရာမှာ ပို ကောင်းတာကြောင့် ချင်း(ဥမ)ကိုပိုပြီး သုံးကြတယ်
လို့လည်း သိရပါတယ်။ ချင်း တက်ကတော့ လက်ကျန်လည်းနည်းသွားပြီး၊ အရောင်းအဝယ်ကလည်း အေးသွား တယ်လို့ သိရပါတယ်။ အောင်ပန်းဈေးကွက်မှာ ချင်းတက် တစ်ပိဿာ ၄၀ဝကျပ်၊ ၅၀ဝကျပ်
ရှိပြီး ချင်း(ဥမ)ကတော့ တစ်ပိဿာ ၃၀ဝကျပ် ဈေးသာ ရှိပါတယ်။
ချင်းခြောက်ကတော့ အဝင်မရှိသလောက်ဖြစ်နေပြီး ပွဲရုံလက်ကျန်တွေသာ ရှိပါတယ်။ ချင်း(ဥမ)ပေါ်ပြီးစမှာ ချင်းခြောက်လည်း အရောင်းအဝယ် ငြိမ်နေပါ တယ်။ တစ်ပိဿာကို အနိမ့်ဆုံး ၁၄၀ဝကျပ်မှ အမြင
့်ဆုံး ၁၇၀ဝကျပ် ဈေးရှိတယ်လို့ လည်း အောင်ပန်းချင်းပွဲရုံများမှ သိရှိရပါတယ်။                   
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General