ဆားလင်းကြီးမြို့နယ်၊ ဆားခါးကျေးရွာမှ သင်ဖျာများထုတ်လုပ်

ဆားလင်းကြီးမြို့နယ်၊ ဆားခါးကျေးရွာမှ သင်ချောဖျာများ ရက်လုပ် ပြီး မုံရွာနဲ့ မန္တလေးဈေးကွက်များသို့ တင်ပို့လျက်ရှိကြောင်း သိရပါတယ်။
ကုန်ကြမ်းအဖြစ်သုံးတာကတော့ သင်ပင်နဲ့ အနားကွပ်တဲ့ ကတ္တီပါစ ပါ။ သင်ပင်ကို ကသာ၊ မော်လိုက်၊ ဖောင်းပြင်ကနေ ဝယ်ပါတယ်။ သုံး ထောင့်ထွာရှိတဲ့ အပင်၄၀ဝပါ တစ်စည်းကို ကျပ် ၃၅၀ဝကနေ
ကျပ် ၅၀ဝ၀ ထိ ပေးဝယ်ရပါတယ်။ အနားကွပ်ပါတဲ့ ကတ္တီပါတစ်ကိုက်ကို ကျပ် ၇၀ဝ ကနေ ကျပ် ၁၀ဝ၀အထိ ပေးရပါတယ်လို့ ဆားခါးကျေးရွာမှ လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ဦးကျော်မျိုးက ပြောပါတယ်။
သင်ချောင်းရေ ၄၀ဝပါတစ်စီးကို ရက်လုပ်ရင် ဖျာတစ်ချပ်ရကြောင်း၊ ရောင်းဈေးက (၆ပေ ထ ၄ပေ) (၆ပေ ထ ၄ပေခွဲ) တစ်ချပ်ကို ကျပ် ၂၀ဝ၀ဝ နဲ့ အသေး (၆ပေ ထ ၃ပေခွဲ)တစ်ချပ်ကို ကျပ် ၁၃၀ဝ၀နဲ့
တစ်ယောက် အိပ် (၆ပေ ထ ၂ပေခွဲ)ကို ကျပ် ၉၀ဝ၀မှ ကျပ် ၁၀ဝ၀ဝ အထိ ရောင်းချကြောင်း သိရပါတယ်။ အနားကွပ်ပါတဲ့ဖျာတစ်ချပ်ကို ကျပ် ၂၀ဝ၀ သို့မဟုတ် ကျပ် ၃၀ဝ၀လောက် ဈေးပိုရတယ်လို့လည်း
သိရပါတယ်။ဆားခါးကျေးရွာမှာ သင်ဖျာရက်လုပ်သူဦးရေ ၂၀ဝ ခန့်ရှိပြီး၊ အမြတ်အနေဖြင့် တစ်ရက်ကို ကျပ် ၂၅၀ဝနီးပါး ရရှိကြောင်း သိရပါတယ်။
                                  

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General