လွိုင်ကော်မြို့တွင် မန်ကျည်းမှည့်ဈေးအနည်းငယ်မြင့်တက်

ယခု   ရက်သတ္တပတ်အတွင်း ကယားပြည်နယ် လွိုင်ကော်မြို့တွင် မန်ကျည်းမှည့်ဈေး  အနည်းငယ်မြင့် တက်ခဲ့ပါတယ်။  ယခင်တစ်ပတ်က မန်ကျည်းမှည့်ဈေး   တစ်ပိဿာလျှင် ကျပ် ၂၅၀ဝ ရှိ ခဲ့ရာမှ  ယခု
တစ်ပတ်တွင် မန်ကျည်းမှည့်ဈေး  တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ သို့ အနည်းငယ်မြင့်တက် သွားပါတယ်။ ယင်းကဲ့သို့ မန်ကျည်းမှည့် ဈေးတက်လာရခြင်းမှာ   သီးနှံထွက်ရှိ သည့် ရာသီမဟုတ်သည့် အပြင်
 ပစ္စည်း လက်ကျန်  နည်းပါးခြင်းတို့ကြောင့်ဖြစ် ကြောင်း ဒေသခံကုန်သည်များရဲ့ ပြော ကြားချက်အရ သိရှိရပါတယ်။           
    ဗညားထက်-လွိုင်ကော်

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General