ပြည်ဈေးကွက်တွင် မိုးမြေပဲအသစ်များ ဝင်ရောက်လာသဖြင့်ဈေးအနည်းငယ်ကျလာ

ပြည်ဈေးကွက်သို့  မင်းတုန်း၊ ပုသိမ်နဲ့   ရခိုင်ပြည်နယ်ဘက်မှ မြေပဲဆန်အိတ်တစ်နေ့လျှင် အိတ်၅၀ဝခန့်သာ အဝင်ရှိပေမယ့် အရောင်း အဝယ် မဖြစ်တာ တွေ့ရပါတယ်။ မိုးမြေပဲအသစ်များ အနည်းငယ် ဝင်ရောက်လာသဖြင့် မြေပဲဆန်ဈေးလည်း အနည်းငယ်ကျလာတာ တွေ့ ရပါတယ်။
ယခုအချိန်မှာ  ဆီစက်များနဲ့ ဝယ်လက်များက အဝယ်ပျောက် နေသဖြင့် ဈေးမှာ ယခင်တစ်ပတ်ထက်စာလျှင် ဈေးကျနေတာ တွေ့ရပါ တယ်။ မြေပဲဆီဆန်ဈေးမှာ တစ်ပိဿာလျှင် ၂၀ဝ၀ ကျပ်၊ လုံးဆန်  တစ် ပိဿာလျှင် ၂၂၅၀ ကျပ်ဖြင့် ယခင်တစ်ပတ်ထက် ဈေးအနည်းငယ်ကျ လာတာကို တွေ့ရပါတယ်။ မြေပဲဆီဈေးကတော့ တစ်ပိဿာလျှင် ၅၂၀ဝ ကျပ်ဖြင့် ဈေးငြိမ်နေတာ တွေ့ရပါတယ်။                               ဝေဝေမင်း
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General