ကြို့ပင်ကောက်နွေစပါးထက် တောင်တွင်းနွေစပါးကို လူကြိုက်များ

တာင်တွင်းဒေသတို့တွင် နွေစပါးများလှိုင်လှိုင်ထွက် ရှိနေပြီဖြစ်သော်လည်း  ကြို့ပင်ကောက်   နွေစပါးထက် တောင်တွင်းဒေသမှ  ထွက်ရှိသည့် နွေစပါး များကို လူ ကြိုက်များလျက်ရှိကြောင်း သိရှိရပါသည်။
ကြို့ပင်ကောက်မှထွက်သော  နွေစပါးများမှာ အစို ဓာတ်များခြင်း၊ အကျိုးအကျေများ၍  စပါးအရည်အသွေး ညံ့သဖြင့် အစိုဓာတ် ၂၅ ရာခိုင်နှုန်းရှိသဖြင့် ပေါင် ၅၀ စပါး တင်း ၁၀ဝ လျှင်  ကျပ် ၄၆၀ဝ၀ဝ ရှိပြီး  ဝယ်သူအကြိုက် နည်းကြောင်း သိရသည်။
တောင်တွင်းဒေသထွက် နွေစပါးများသည် အစို ဓာတ်နည်းခြင်း၊ အကျိုးအကျေသက်သာခြင်း၊ စပါးအရည် အသွေးကောင်းခြင်းကြောင့် အစိုဓာတ် ၂၀ ရာခိုင်နှုန်းသာ ရှိသဖြင့် ပေါင် ၅၀စပါးတင်း ၁၀ဝ လျှင်  ကျပ် ၅၂၀ဝ၀ဝ ဈေးရှိပြီး ဝယ်သူအကြိုက်များကြောင်း ဆန်စပါးရောင်း ဝယ်သူများထံမှ သိရှိရပါသည်။       ထွန်းမင်းထွန်း-ပြည်
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General