အောင်လံဈေးကွက်မှာ ပဲစင်းငုံနီ ဈေးငြိမ်၊နှမ်းမျိုးစုံဈေး အနည်းငယ်ကျ

အောင်လံဈေးကွက်မှာ ယခုတစ်ပတ် ပဲစင်းငုံနီဈေး ယခင် တစ်ပတ်အတိုင်း ဆက်လက်ရှိနေပြီး တစ်ပိဿာ ၂၄၅၀ ကျပ်   ( တစ်တန်ကို ၁၅၀ဝ၃၅၅ ကျပ် ) နဲ့ ပြည်ပအတွက် ရန်ကုန်ဝယ် လက်တွေက အဝယ်ရှိခဲ့ပေမယ့်  အရောင်းအဝယ်ဖြစ်မှုအနေနဲ့ တစ်နေ့ကို အိတ် ၁၅၀ မှ  ၂၀ဝ ခန့်သာ အရောင်းအဝယ်ရှိကြောင်း သိရပါ
တယ်။ နှမ်းမျိုးစုံကတော့ ယခင်တစ်ပတ်ထက် ဈေး
အနည်း ငယ်ကျခဲ့ပြီး နှမ်းနီတစ်ပိဿာ ၁၉၁၀ ကျပ်၊ နှမ်းနက် တစ်ပိဿာ  ၂၀ဝ၀ ကျပ်၊ သိပ္ပံနှမ်း တစ်ပိဿာ ၃၃၃၅ ကျပ် နဲ့ ဈေးဖွင့်ခဲ့ပြီး တစ် နေ့ကို နှမ်းမျိုးစုံ  အိတ် ၃၀ဝ မှ ၄၅၀ ကြား   အရောင်းအ
ဝယ်ဖြစ် ကြောင်း သိရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General