လားရှိုးဈေးကွက်မှာ ပြောင်းဈေးအနည်းငယ်တက်

ဒီတစ်ပတ် လားရှိုးဈေးကွက်မှာ ပြောင်းဈေး တစ်ပိဿာ ၄၀ဝ ကျပ်နဲ့ ဆက်တိုက်ဈေးငြိမ်နေရာက ဒီတစ်ပတ်မှာ တစ် ပိဿာ ၄၁၀ ကျပ် ( တစ်တန် ၂၅၁၀၇၉ ကျပ် )နဲ့ ဈေးမြင့်အဝယ်ဖွင့်
ခဲ့ကြောင်း သိရပါတယ်။ တရုတ်ဝယ်လက်နဲ့ တိရစ္ဆာန် အစာစပ် စက်ရုံများမှ ဝယ်ယူခဲ့ပြီး တစ်ပတ်အတွင်း ပိဿာချိန် ၇၄၆၀ဝ ခန့်   အရောင်းအဝယ်ဖြစ်ခဲ့တာကြောင့် ယခင်တစ်ပတ်ထက် ရောင်းဝယ်မှု
ပိုမိုခဲ့ကြောင်း သိရပါတယ်။
 

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General