နို့ဆီတန်ချိန် ၂၀ဝ နီးပါးနဲ့နို့မှုန့်တန်ချိန် ၃၀ဝ နီပါးဝင်

နို့ဆီတန်ချိန် ဇွန် ၁၉ ရက်မှ ၂၅ ရက် သီတင်း ပတ်အတွင်း ကန်ဒေါ်လာ၅၃၁၆၄၈ တန်ဖိုးရှိ နို့ဆီ ၁၉၅ ဒသမ ၆၁၆ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့ ပါတယ်။ ဒီတစ်ပတ် သြစတြေးလျမှ ၆၄ ဒသမ ၆၆၃တန်၊
 မလေးရှားမှ ၅၃ ဒသမ ၂၈၉ တန်နဲ့ စင်ကာပူမှ ၇၇ ဒသမ ၆၆၄ တန်တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်   နို့ဆီအဝင်မှာ တန် ချိန် ၉၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ် ပတ်အဝင်နဲ့နှိုင်းယှဉ်ရင်
 တန်ချိန် ၉၀ ကျော် အဝင်ပိုခဲ့တယ်လို့ သိရပါတယ်။
ကန်ဒေါ်လာ ၉၆၄၃၄၃ တန်ဖိုးရှိ နို့မှုန့် ၂၈၈ဒသမ ၇၉၈ တန်ကို ဒီတစ် ပတ်မှာ တင်သွင်းခဲ့ပါတယ်။ နယူးဇီလန် မှ ၁၅၂ ဒသမ ၈၀ တန်၊  မလေးရှားမှ ၂၇ ဒသမ ၅၈၇၊ စင်ကာပူမှ ၁၀၈ ဒသမ ၄၁၁ တန်
တင်သွင်းခဲ့ပါတယ်။ ဒီတစ် ပတ်မှာ  နယူးဇီလန်မှ  အများဆုံးတင် သွင်းခဲ့ပါတယ်။    ယခင်သီတင်းပတ် နို့မှုန့်အဝင်မှာ တန်ချိန် ၆၀ ကျော်ရှိခဲ့ တာကြောင့် ဒီတစ်ပတ်အဝင်နဲ့ယှဉ်ရင် တန်ချိန်၂၂၀ ကျော်
ပိုမိုတင်သွင်းခဲ့တယ် လို့ သိရပါတယ်။
နယ်စပ်စခန်းများဖြစ်တဲ့  ကော့ သောင်းစခန်းမှ  ကန်ဒေါ်လာ၇၄၆၄၂ တန်ဖိုးရှိ နို့ဆီ ၇၇ ဒသမ ၇၉၃ တန်နဲ့ မြဝတီစခန်းမှ  ကန်ဒေါ်လာ၁၃၇၇၅ တန်ဖိုးရှိ နို့ဆီ^နို့စိမ်း ၁၅ ဒသမ ၅၂၇ တန် တင်သွင်းခဲ့
တယ်လို့ သိရပါတယ်။၂၀ဝ နီးပါးနဲ့
နို့မှုန့်တန်ချိန် ၃၀ဝ နီပါးဝင်

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General