မုံရွာဆီထွက်သီးနှံဈေးကွက် ဝယ်လက်ပါးလို့ ဈေးအေး

မုံရွာကုန်စည်ဒိုင် ဇွန်လကုန်ပတ် ဆီထွက်သီးနှံဈေးကွက်မှာ ပြည်ပ ဝယ်လက်အဝယ်ပါးခဲ့လို့  မြေပဲဆန်နဲ့ နှမ်းမျိုးစုံ  ဈေးအေးကာ အရောင်း အဝယ်ပါ ပါးခဲ့တယ်လို့ သိရပါတယ်။
မြေပဲဆန်ဈေးကွက်မှာ  ယခုတစ်ပတ်အတွင်း မြေပဲဆန်(နီ) တစ် ပိဿာ အမြင့်ဆုံး ကျပ် ၂၈၅၀ နဲ့ မြေပဲဆန်(ဖြူ) တစ်ပိဿာကျပ် ၂၇၅၀၊ ဆီဆန်တစ်ပိဿာ  ကျပ် ၂၃၀ဝ အသီးသီး ဈေးတန့်နေပြီး
 တစ်ရက်မြေပဲ (လုံးဆန်) အရောင်းအဝယ်မှာ  အိတ် ၃၀ဝ ခန့်သာ ဖြစ်ခဲ့တယ်လို့ ဆိုပါ တယ်။ နှမ်းမျိုးစုံဈေးကွက်မှာလည်း   နှမ်းနက်တစ်မျိုးသာ တစ်တင်းကျပ် ၅၀ဝ၀ဝ နဲ့ ဈေးဆက်လက်မာခဲ့ပြီး နှမ်းညို(အသစ်) တစ်တင်းကျပ် ၂၄၀ဝ၀ နဲ့ နှမ်းဖြူတစ်တင်း  ကျပ် ၃၀ဝ၀ဝ အထိ ဈေးပြန်အေး
သွားကာ တစ်ရက် အိတ် ၂၀ဝ ခန့်သာ အရောင်း အဝယ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။
စားသုံးဆီဈေးကွက်မှာတော့ ပဲဆီကတစ်ပိဿာကျပ် ၄၆၀ဝ နဲ့ငြိမ် နေပြီး၊ နှမ်းဆီကတစ်ပိဿာကျပ် ၃၄၀ဝ နဲ့ကျဈေးဖြစ်ပေါ်ခဲ့ကာ စားအုန်း ဆီက တစ်ပိဿာ ကျပ် ၁၆၀ဝ မှ ၁၆၅၀ အတွင်း ဈေးတန့်
နေတယ်လို့ မုံရွာ ကုန်စည်ဒိုင်ဈေးကွက်က လေ့လာသိရှိရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General