ချင်းရွှေဟော်စခန်းမှသာ နှမ်းတင်ပို့မှုရှိ

ဇွန် ၄ ရက်မှ ၁၀ ရက်တာ သီတင်းပတ်အတွင်း မြန်မာ- တရုတ်နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကန် ဒေါ်လာ ၂၂၅၁၉၀ တန်ဖိုးရှိတဲ့ နှမ်း နက် ၁၆၀ တန်ကျော်နဲ့ ကန်ဒေါ်လာ ၁၉၈၆၀ဝ တန်ဖိုးရှိ နှမ်းဖြူ ၁၆၄ တန်ကို တင်ပို့ခဲ့ ပါတယ်။ ယခင်ရက်သတ္တပတ်က ချင်းရွေွှဟော်မှ ၃၀၅ တန်နဲ့ မြ ဝတီမှ တန် ၆၀ ကျော် တင်ပို့ခဲ့တာကြောင့် ယခု တစ်ပတ်ရဲ့ နှမ်းတင်ပို့မှုမှာ ချင်းရွှေဟော်စခန်းတစ်ခုတည်းသာ ရှိခဲ့ပါ တယ်။ မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးဇုန် မှ မေလဆန်းပိုင်း ကသာ နှမ်းတင်ပို့ခဲ့ပြီး မူဆယ်ကုန်စည်ဒိုင် ဇွန် ၁၀ ရက်ရဲ့ နှမ်းဖြူ တစ်တန်ပေါက်ဈေးဟာ မိမိဘက်ပေါက်ဈေးက ၁၄၂၅၀ဝ၀ ကျပ်၊ တစ်ဖက်နိုင်ငံဈေး ၈၀ဝ ယွမ်နဲ့ နှမ်းနက်ဈေး မှာတော့ မိမိဘက်ပေါက်ဈေး ၂၁၄၁၈၄၆ ကျပ်၊ တစ်ဖက်နိုင်ငံ ဈေး ၁၂၀ဝ၀ ယွမ်ရှိခဲ့ တယ်လို့ သိရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General