မြေသြဇာဈေးကွက် အရောင်း အနည်းငယ်တက်

ဇွန် ၅ ရက်မှ ၁၁ ရက် သီတင်းပတ်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေသြဇာ တန်ချိန် ၁၀၄၉၈ ကျော်အဝင်ရှိခဲ့ပြီး ယခင်တစ်ပတ်မှာ ၈၉၉၀ တန် ဝင်ခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၅၀ဝ ကျော် အဝင်ပို ခဲ့တယ် လို့ သိရပါတယ်။ နယ်စပ် လမ်းမှယခုတစ်ပတ် မြေသြဇာအဝင်မှာ ၃၁၄၉၈ တန်ကျော်ရှိခဲ့ပြီး၊ ယခင်တစ်ပတ် အဝင်မှာ ၃၃၉၇၅ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၂၄၇၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါ တယ်။ ဒေါ ကြာင့် ဒီတစ်ပတ်မှာ ရေလမ်းမှ အဝင်ပိုပြီး နယ်စပ်လမ်းမှ မြေသြဇာအဝင်လျော့ခဲ့ပါတယ်။ မော်လမြိုင်ဈေးကွက်မှာ မြေသြဇာက ပုံမှန် အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ်မှာတော့ မိုးသီးနှံအတွက် နယ်ဘက်မှ အဆွဲရှိလို့ အရောင်းအဝယ် ကောင်းခဲ့တယ်။ ခုတော့နယ်ဆွဲအားနည်း သွား တာကြောင့် အရောင်းနည်းနည်း လျော့လာခဲ့ကြောင်း စိုက်ပျိုးရေးအရောင်းဆိုင်မှ တာဝန်ရှိ သူတစ်ဦးက ဆိုပါတယ်။ ယခင်တစ်ပတ်ထက် အရောင်းပါးပေမယ့် ဈေးကတော့ ပြောင်းလဲမှု မရှိသေးဘူးလို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေ တဲ့ဈေးမှာ ပုလဲအသေး ၄၆% (ရွှေတုံး၊ ရွှေပျား၊ ရွှေတောင်) (တရုတ်) ၂၁၀ဝ၀ ကျပ်၊ ကွန်ပေါင်း (အစိမ်း) ၁၅ ပတ်လည် (ထိုင်း) ၃၅၀ဝ၀ ကျပ်၊ ကွန်ပေါင်း (ပန်းရောင်) ၁၅ပတ် လည် (ထိုင်း) ၂၉၀ဝ၀ ကျ ပ်၊ ကွန်ပေါင်း ၁၆း၁၆း၈ (မြင်းပျံ-ထိုင်း)၂၀၅၀ဝ ကျပ်၊ တီစူပါ ၄၆%(သံကွင်း-တရုတ်) ၂၁၀ဝ၀ ကျပ်၊ တီစူပါ ၁၆% (မြားကမ္ဘာ-တရုတ်) ၁၂၅၀ဝ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ စုံစမ်းရရှိခဲ့ပါတယ်။ မကွေးဈေးကွက်မှာ အရောင်းအေးပေ မယ့် ဈေးတွေကတော့ နည်းနည်း အတက်အကျ ရှိနေတယ်လို့ သိရပါတယ်။ အာမို ၁၀း၁၀း၅ က၂၀ဝ ကျပ်၊ အာမို ၁၅ ပတ်လည်က ၁၅၀ဝ ကျပ်၊ အာမို ၁၆း၁၆း၈ က ၁၅၀ဝ ကျပ်၊ တီစူပါ က ၂၅၀ဝ ကျပ်ဈေးမြင့်ခဲ့ပြီး ယူရီးယားက(ပန်းဖူး)၁၄၀ဝ ကျပ်၊ ယူရီးယား(ရွှေတောင်)က ၆၀ဝ ကျပ်ဈေး ကျခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက် ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ မြားကမ္ဘာ-တရုတ် ၁၂း၁၃ (အပြာ) ၁၆၅၀ဝ ကျပ်၊ မြားကမ္ဘာ-တရုတ် ၁၂း၁၃ (အစိမ်း) ၁၆၅၀ဝ ကျပ်၊ ဆင် ၁၀း၁၀း၅ ၁၆၂၀ဝ ကျပ်၊ အာမို ၁၀း၁၀း၅ ၁၄၅၀ဝကျပ်၊ အာမို ၁၅း၁၅း၁၅ ၃၈၅၀ဝ ကျပ်၊ အာမို ၁၆း၁၆း၈ ၃၅၅၀ဝ ကျပ်၊ ယူရီးယား-ပုလဲ (ပန်းဖူး-တရုတ်)၂၀၂၀ဝ ကျပ်၊ ယူရီးယား-ပုလဲ (ရွှေတော င်- တရုတ်) ၁၉၇၀ဝ ကျပ်၊ ယူရီးယား ၁၇၈၀ဝ ကျပ်၊ ြ မားကမ္ဘာ ၁၅း၇း၈ ၂၃၀ဝ၀ ကျပ်၊တီစူပါ ၂၃၀ဝ၀ ကျပ်၊ တောင်သူမ ၁၆၀ဝ၀ ကျပ်ဈေးရှိတယ်လို့ မြေသြဇာ အရောင်းဆိုင်မှ စုံစမ်း သိရှိရပါတယ်။ မန္တလေးဈေးကွက်မှာ မြေသြဇာများက အရောင်းအဝယ်အေးပြီး ဈေးလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတေဲ့ ဈးမှာ ယူရီးယား(ရွှေတောင်-တရုတ်) ၁၉၆၀ဝ ကျပ်၊ ယူရီးယား (ပန်းဖူး- တရုတ်) ၂၀ဝ၀ဝကျပ်၊ တီစူပါ(GTSP ၄၆%-တရုတ်)၁၈၈၀ဝ ကျပ်၊ ကွန်ပေါင်း ၁၀း၁၀း၅ ၁၅၀ဝ၀ ကျပ်ဈေးနဲ့ အရောင်းအဝယ်ဖြစ်တယ် လို့ ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရပါ တယ်။ တောင်ကြီးဈေးကွက်မှာ မြေ သြဇာက အရောင်းအေးပြီး ဈေးလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ မိုးများ လာတာကြောင့် မြေဆီပက်တာလည်း နားလာကြတယ်။ ဈေးကွက်ထဲ အရောင်း အဝယ်ဖြစ်နေတဲ့ဈေးမှာ ယူရီးယား-ပုလဲ(ကမ္ဘာလုံး-တရုတ်) ၁၉၇၀ဝ ကျပ်၊ ယူရီး ယား -ပုလဲ(ရွှေတောင်-တရုတ်)၁၉၇၀ဝ ကျပ်၊ ယူရီး ယား -ပုလဲ(ပန်းဖူး-တရုတ်)၂၁၂၀ဝ ကျပ်၊ တီစူပါ၂၀% ၁၃၂၀ဝ ကျပ်၊ တီစူပါ ၁၅း၁၅း၁၅ (တရုတ်) ၃၇၀ဝ၀ ကျပ်၊ ဓာတ်ဆား (တရုတ်) ၁၆၅၀ဝ ကျပ်၊ ပိုတက်(တရုတ်) ၂၄၅၀ဝ ကျပ်၊ ယူရီးယား (ယူအေအီး) ၁၉၀ဝ၀ ကျပ်၊ မြားကမ္ဘာ ၁၇၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ ဈေးကွက် အတွင်းမှ စုံစမ်းသိရှိရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General