ဘိလပ်မြေဈေးကွက် မိုးများပေမယ့် အရောင်းအဝယ်ဖြစ်

ဇွန် ၅ ရက်မှ ၁၁ရက် သီတင်းပတ်မှာ ပြည်တွင်းကို ရေလမ်းမှ ဘိလပ်မြေအဝင် မှာ ၄၆၁၀၇ တန်ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။ ယခင်တစ်ပတ် ဘိလပ်မြေအဝင် မှာ ၂၄၄၂၀ တန် ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၂၁၆၀ဝ ကျော် အဝင်
ပိုခဲ့တယ်လို့ သိရပါတယ်။နယ်စပ်လမ်းမှ ဘိလပ်မြေ အဝင်မှာ ၁၈၈၂၄ တန် ကျော်ရှိခဲ့ပြီး ယခင်တစ်ပတ်အဝင်မှာ တန်ချိန် ၂၈၀၆၃ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာတန်ချိန် ၉၂၃၀ ကျော်အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်
မှာ ရေလမ်းမှ အဝင်ပိုခဲ့ပြီး နယ်စပ်လမ်းမှ ဘိလပ်မြေအဝင်လျော့ခဲ့ပါတယ်။ မော်လမြို င်ဈေးကွက်မှာ ဘိလပ်မြေက ယခင်တစ်ပတ်က မိုးများလို့ အရောင်းအဝယ်အေးခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ ပြန်ကောင်းလာတယ်လို့အိမ်ဆောက်ပစ္စည်း
 ရောင်းဝယ်ရေးဆိုင်မှ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။ အရောင်းအဝယ် အေးလိုက် ပြန်ကောင်းလိုက် ပုံမှန်ဖြစ်လိုက် သွားနေပေမယ့် ဘိလပ် မြေဈေးကတော့ ငြိမ်နေသေးတယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ် ဖြစ်နေတဲ့ဈေး
မှာ ဆင်(ထိုင်း) ၅၃၂၅ ကျပ်၊ ကြံ့ (မြိုင်ကလေး ) ၄၈၅၀ ကျပ်၊ စိန် (ထိုင်း)၅၁၇၅ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ် ရေးဆိုင်မှ သိရှိရပါတယ်။ မန္တလေးဘိလပ်မြေဈေးကွက်မှာ ဒီတစ်ပတ် အရောင်းအဝယ်က ယခင်
တစ်ပတ်ထက် ပို ကောင်းလာတယ်။ ဈေးကွက်ထဲမှာ ပြည်တွင်းဘိလပ်မြေဈေးများ ငြိမ်နေပြီး ဆင်(ထိုင်း) က၅၀ဝကျပ်၊ စိန်(ထိုင်း)က၂၀ဝကျပ် ဈေးကျလာခဲ့တယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ အေသုံးလုံး ၅၀ဝ၀ ကျပ်၊ မြန်မာဆင် ၄၆၀ဝ ကျပ် ၊ ဆင်မင်း ၄၅၀ဝ ကျပ်၊ ကျားခေါင်း ၄၅၀ဝ ကျပ်၊ မြင်းခေါင်း ၄၅၀ဝ ကျပ်၊ ဆင်(ထိုင်း) ၆၈၀ဝ ကျပ်၊ စိန် (ထိုင်း) ၇၀ဝ၀ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး ဆိုင် မှ သိရပါတယ်။ ရန်ကုန်ဈေးကွက်မှာ ဘိလပ်မြေက ယခင်တစ်ပတ်က အရောင်းအဝယ်အေး နေပေမယ့် ဒီတစ်ပတ်မှာ ပုံမှန်ပြန်ဖြစ်လာတယ်။ ဒါပေမဲ့ ဈေးကတော့ ငြိမ်နေ သေးတယ်လို့ အိမ်ဆောက် ပစ္စည်း အရောင်းဆိုင်မှ တာဝန်ရှိ သူတစ်ဦးက ပြောခဲ့ ပါတယ်။
 ဈေးကွက်ထဲ အရောင်းအဝယ်ဖြစ်နေတဲ့ဈေးမှာ ဆင်(ထိုင်း) ၅၆၀ဝကျပ်၊ စိန် ၅၅၀ဝ ကျပ်၊ ကြံ့နှစ်ကောင်(နီ) ၅၃၀ဝကျပ်၊ ကြံ့နှစ်ကောင်(စိမ်း)၅၀ဝ၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေပြီး ဆိုင်ဈေးအနေ နဲ့ ဆင် (ထိုင်း) ၆၁၀ဝ ကျပ်၊ စိန် ၆၀ဝ၀ ကျပ်၊ ကြံ့နှစ်ကောင်(နီ) ၅၄၀ဝ ကျပ်၊ ကြံ့နှစ်ကောင်(အစိမ်း) ၅၁၀ဝ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်တယ်လို့ ဘိလပ်မြေအရောင်းဆိုင်မှ စုံစမ်းသိရှိရပါတယ်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General