MTSH အစုရှယ်ယာဈေး တစ်ပတ်အတွင်း ကျပ်ငါးထောင် ကျဆင်း

ယခုတစ်ပတ်အတွင်း MTSH၏ အစုရှယ်ယာဈေးများသည် ကျပ်ငါး ထောင်ကျဆင်းသွားခဲ့ကြောင်း YSX ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။ ယခုတစ်ပတ်တွင် FMI ရှယ်ယာ ဈေးများမှာ အတက်အကျနည်းခဲ့သော် လည်း MTSH ၏ ရှယ်ယာဈေးများမှာ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ဇွန် ၁၆ရက် က ကျပ် ၄၉၀ဝ၀ အထိကျဆင်းသွားခဲ့ပြီး ရုံးဖွင့်ရက်၏နောက်ဆုံးရက်ဖြစ်သည့် သောကြာနေ့တွင် ကျပ် ၅၀ဝ၀ဝ သို့ ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစေ် ကြာင်း သိရသည်။ သို့သော် တစ်ပတ် အတွင်း ခြုံငုံကြည့်ပါက ကျပ် ၅၀ဝ၀ ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ YSX ဈေးကွက် စတင်ဖွင့်လှစ်သည့်အချိန်မှ ယနေ့အထိ ရှယ်ယာ ဝယ်ယူသူများအနေဖြင့် ရှယ်ယာရောင်းချသည့်ကုမ္ပဏီများ၏ လက်ရှိအခြေ အနေများကို စုံစမ်းခြင်းမပြုဘဲ ဈေးအတက်အကျပေါ် တွင်သာ ကစားနေ ကြကြောင်း၊ ဈေးကျလျှင် လိုက်ဝယ် ကြသလိုဈေးပြန်တက်လာပါက အဝယ် ရပ်သွားလေ့ရှိကို တွေ့ရကြောင်း၊ ဈေးကွက်အတွင်း သုံးသပ်လျက်ရှိသည်။ FMI ရှယ်ယာများသည် ဇွန် ၁၄ ရက်က ကျပ် ၂၅၅၀ဝ ရှိခဲ့ပြီး ဇွန် ၁၇ ရက်တွင် ကျပ် ၂၅၀ဝ၀ သို့ ကျဆင်းခဲ့ သည်။ MTSH ရှယ်ယာများသည် ဇွန် ၁၄ ရက် နံနက်ပိုင်းတွင် ကျပ် ၅၆၀ဝ၀ ရှိခဲ့ရာမှ နေ့လယ်ပိုင်းတွင် ကျပ် ၅၅၀ဝ၀ သို့ ကျဆင်းခဲ့သည်။ ဇွန် ၁၆ ရက် နံနက်ပိုင်း တွင် ကျပ် ၅၂၀ဝ၀ ရှိခဲ့ရာမှ ညနေပိုင်းတွင် ကျပ် ၄၉၀ဝ၀ သို့ကျဆင်းခဲ့သည်။ ထို့ပြင် ဇွန် ၁၇ ရက်တွင် ကျပ် ၅၀ဝ၀ဝ သို့ ပြန်လည် မြင့်တက်ခဲ့သည်။

အဖွဲ့အစည်း နိုင်ငံခြားရေးဝန်ကြီးဌာန
ကဏ္ဍ General