အကြောင်းအရာ | ဤစီမံဆောင်ရွက်မှု (အခန်း ၁၊ ပုဒ်မ ၂ (ခ) နှင့် အခန်း ၂၊ ပုဒ်မ ၄ (ဃ)) သည် ဝန်ဆောင်မှုပေးခြင်းအတွက် အခကြေးငွေပေးဆောင်ရန်လိုအပ်ကြောင်းဖော်ပြထားပါသည်။ ပြည်ပသို့ တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းနှင့် တိရစ္ဆာန်အစာများတင်ပို့သူသည် ပြည်ပသို့တင်ပို့မည့် တိရစ္ဆာန်၊ တိရစ္ဆာန်ထွက်ပစ္စည်းများနှင့် တိရစ္ဆာန်အစာများ ကိုလိုအပ်သော စမ်းသပ်စစ်ဆေးမှုပြုလုပ်ခြင်း၊ ပိုးသတ်သန့်စင်ခြင်း၊ ကျွေးမွေးခြင်း၊ စောင့်ရှောက်ခြင်း၊ လိုအပ်သောစမ်းသပ်စစ်ဆေးမှုပြုလုပ်ခြင်း၊ ကာကွယ်ဆေးထိုးခြင်း၊ ရောဂါကုသခြင်း၊ သီးသန့်ခွဲခြားထားရှိခြင်း၊ ထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်းအတွက် သတ်မှတ်အခကြေးငွေကို ပေးဆောင်ရမည်။ |
မှတ်ချက်များ | အမိန့်ကြော်ငြာစာအမှတ် ၁၆/၂၀၀၅ ကို မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ထုတ်ပြန်ပါသည်။ဤစီမံဆောင်ရွက်မှုသည် နိုင်ငံ၏အခြေအနေအရပြောင်းလဲနိုင်သည်။ |
အဖွဲ့အစည်း | မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန |
ပို့ကုန်/သွင်းကုန် | ပို့ကုန် |
မှ အတည်ဖြစ်သည် | 2005-04-07 |
ထိ အတည်ဖြစ်သည် | သက်ဆိုင်ရာဌာနမှမပယ်ဖျက်မချင်းသက်ဝင်ဆောင်ရွက်မှုရှိမည်ဖြစ်ပါသည်။ |
ရည်ညွှန်းချက် | တိရစ္ဆာန်ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေးဥပဒေ၊ ပုဒ်မ ၃၃ (ခ) |
နည်းပညာကုဒ် | P43 |
ယူအမ်ကုဒ် |
P43 - Export charges/fees levied in connection to services provided
|
စည်းမျဉ်းအမျိုးအစား | ပို့ကုန်နှင့်ဆက်စပ်သောစီမံဆောင်ရွက်မှုများ |
ပြင်ဆင်သည့်ရက် |
2018-09-19 15:02:29 |