အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၁၁ (ပြည်ပသို့တင်ပို့ခွင့်မပြုသောပစ္စည်းများအား ပြင်ဆင်သတ်မှတ်သည့်အမိန့်)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ၁၉၄၇ ခုနှစ် သွင်ကုန်ထုတ်ကုန်ကြီးကြပ်ရေး (ယာယီ) အက်ဥပဒေ၊ ပုဒ်မ ၃(၁) အရ ပြည်ပတင်ပို့ခွင့်မပြုသောကုန်ပစ္စည်းများအနက်မှ အောက်ဖော်ပြပါ လယ်ယာထွက်ကုန်ပစ္စည်းများကို ပြည်ပသို့တင်ပို့ခွင့်ပြုသော ပစ္စည်းများအဖြစ် ပြင်ဆင်သတ်မှတ်လိုက်သည်-

  1. မြေပဲ၊ မြေပဲဆီ
  2. ဆီကြိတ်ရာတွင်အသုံးပြုသော နှမ်းနီ၊ နှမ်းညို၊ နှမ်းဆီ


ထုတ်ပြန်သည့်ရက် 2011-08-29
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2018-04-09 05:05:30

picture_as_pdfမြန်မာ

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်
အမိန့်ကြော်ငြာစာအမှတ် ၁၀/၉၉ (ပြည်ပသို့တင်ပို့ခွင့်မပြုသောပစ္စည်းများအဖြစ်သတ်မှတ်သည့်အမိန့်) Myanmar 464.25kB file_downloadဒေါင်းလုပ်