ကြေငြာချက်အမှတ် (၂၇/၂၀၂၅)ဖြင့် အကောက်ခွန်နှုန်း လျှော့ချသတ်မှတ်ကြေငြာခြင်း

ပြည်ပမှ Completely Built Up – CBU စနစ်၊ Completely Knocked Down – CKD စနစ်နှင့် Semi-Knocked Down – SKD စနစ်တို့ဖြင့်တင်သွင်းလာသည့် ဘက်ထရီမှ လျှပ်စစ်စွမ်းအင်ကို ရယူမောင်းနှင်သည့် ဘက်ထရီလျှပ်စစ်သုံးယာဉ် (Battery Electric Vehicle – BEV) အမျိုးအစားများ၊ ဆက်စပ်ပစ္စည်းများနှင့် အပိုပစ္စည်းများအတွက် မြန်မာ့အကောက်ခွန်နှုန်းစာရင်း ၂၀၂၂ တွင် သတ်မှတ်ထားသော အကောက်ခွန်နှုန်းများကို ပြည်ထောင်စုအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်နှင့်အညီ သုညရာခိုင်နှုန်းသို့ လျှော့ချသတ်မှတ်ကြောင်း စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာအမှတ်၊ ၂၇/၂၀၂၅ အား ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပါသည်။

 

ထုတ်ပြန်သည့်ရက် 2025-03-31
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ အကောက်ခွန်ဦးစီးဌာန
ပြင်ဆင်သည့်ရက် 2025-04-28 09:39:50

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ