ပို့ကုန်၊သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ (၇/၂၀၂၄) အကောက်ခွန် ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့်ပြုသည့် ကုန်ပစ္စည်းအုပ်စုစာရင်း ပြင်ဆင်ထုတ်ပြန်ခြင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် ကုန်ပစ္စည်းအုပ်စု ၅ မျိုး (HS Code-10 Digit) ဖြင့် ကုန်စည် ၆၈၅ လိုင်းနှင့် CMP စနစ်ဖြင့် တင်သွင်းသည့် ကုန်ကြမ်းပစ္စည်း၊ စက်ပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကိုသာ အကောက်ခွန်ကုန်လှောင်ရုံဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ပြင်ဆင်သတ်မှတ်ချက်အား ပို့ကုန်၊သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ(၇/၂၀၂၄) ဖြင့် (၃၀-၁၁-၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။
ထုတ်ပြန်သည့်ရက် | 2024-11-30 |
ဥပဒေ အမျိုးအစား | Notification |
ထုတ်ပြန်သည့်အဖွဲ့ | စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန |
တာဝန်ယူသည့် အဖွဲ့ | ကုန်သွယ်ရေးဦးစီးဌာန |
ပြင်ဆင်သည့်ရက် | 2024-12-03 08:53:40 |