အမိန့်ကြော်ငြာစာအမှတ် (၆၉/၂၀၂၄) ကျန်းမာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၄/၉၃ ကိုပြင်ဆင်သည့်အမိန့် ထုတ်ပြန်ခြင်း

ကျန်းမာရေးဝန်ကြီးဌာနသည် အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၃၂၊ ပုဒ်မခွဲ (ခ) တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ အမိန့်ကြော်ငြာစာအမှတ် ၄/၉၃ တွင်ပါရှိသော “အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ” ဆိုသည့် စကားရပ်ကို “အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန” ဆိုသည့် စကားရပ်ဖြင့် ပြင်ဆင်သည့် အမိန့်အား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၆၉/၂၀၂၄) ဖြင့် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်သည့်ရက် 2024-07-10
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ ကျန်းမာရေးနဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2024-08-07 08:07:05

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ