အမိန့်ကြော်ငြာစာအမှတ်(၂/၂၀၂၃) ခွာနာလျှာနာရောဂါကင်းရှင်းဇုန်၊ ခွာနာလျှာနာ ရောဂါကာကွယ်ဇုန်၊ ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်နှင့် ဇီဝလုံခြုံမှုလမ်းကြောင်း တည်ထောင် သတ်မှတ်ကြေညာခြင်းဆိုင်ရာ အမိန့်ထုတ်ပြန်ခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၉ ၊ ပုဒ်မခွဲ(င)နှင့် ပုဒ်မ ၅၅၊ ပုဒ်မခွဲ(ဂ)တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ခွာနာလျှာနာရောဂါ ကင်းရှင်းဇုန်၊ ခွာနာလျှာနာ ရောဂါကာကွယ်ဇုန်၊ ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်နှင့် ဇီဝလုံခြုံမှုလမ်းကြောင်း တည်ထောင် သတ်မှတ်ကြေညာသည့် အမိန့်အား ၂၀၂၃ ခုနှစ်၊ ဇွန် လ ၂၃ ရက် နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၂/၂၀၂၃) ဖြင့် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်သည့်ရက် 2023-06-23
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2024-08-07 08:07:27

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ