အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၃) ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ ခွာနာလျှာနာ ရောဂါထိန်းချုပ်ဇုန် တည်ထောင် သတ်မှတ်ကြေညာခြင်းဆိုင်ရာ အမိန့်ထုတ်ပြန်ခြင်း

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် တိရစ္ဆာန်ကူးစက်ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန် ရည်ရွယ်၍ တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၉ ၊ ပုဒ်မခွဲ(င)နှင့် ပုဒ်မ ၅၅၊ ပုဒ်မခွဲ(ဂ)တို့အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရှိ မြို့နယ်(၈)မြို့နယ်အား ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ခွာနာလျှာနာရောဂါထိန်းချုပ်ဇုန်အဖြစ် တည်ထောင်သတ်မှတ်ကြေညာသည့် အမိန့်အား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ လ ၁၃ ရက် နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၂၃) ဖြင့် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်သည့်ရက် 2023-01-23
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2024-08-07 08:10:29

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ