မြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှုဥပဒေ ၂၀၁၆

ပြည်ထောင်စုလွှတ်တော်သည် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဥပဒေကို ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ ၁၈ ရက်နေ့တွင် ပြဌာန်းလိုက်သည်။ ရည်ရွယ်ချက်များမှာ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ အကျိုးစီးပွားအလို့ဌာ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိစေသည့် တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရန်၊ ရင်းနှီးမြှုပ်နှံသူများနှင့်၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကို ဥပဒေနှင့်အညီ အကာအကွယ်ပေးရန်၊ ပြည်သူ တို့အတွက် အလုပ်အကိုင် အခွင့်အလမ်းများပေါ်ပေါက်လာစေရန်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးလာစေရန်၊ စွမ်းဆောင်ရည်မြင့်မားသည့် ထုတ်လုပ်မှု၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှုကဏ္ဍများဖွံ့ဖြိုးတိုးတက်စေရန်၊ နည်းပညာဖွံ့ ဖြိုးတိုးတက်စေရန် ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတစ်ဝန်းလုံးတွင် အခြေခံအဆောက်အအုံများ အပါအဝင် ပညာရပ်နယ်ပယ်အသီးသီးတို့၌ ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံသားများအ နေဖြင့် နိုင်ငံတကာအသိုက်အဝန်းနှင့် ယှဉ်တွဲလုပ်ကိုင် ဆောင်ရွက်နိုင်စေရန်၊ နိုင်ငံတကာစံနှုန်းနှင့်ညီသော စီးပွားရေးလုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများပေါ်ထွန်းလာစေရန် ဖြစ်သည်။

ထုတ်ပြန်သည့်ရက် 2016-10-18
ဥပဒေ အမျိုးအစား Law
ထုတ်ပြန်သည့်အဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီးများညွှန်ကြားမှုဦးစီးဌာန
ပြင်ဆင်သည့်ရက် 2018-05-28 14:30:53

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ

Related Documents

ဖိုင်အမည် ဘာသာစကား ဖိုင်အရွယ်အစား ဒေါင်းလုပ်
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနည်း ဥပဒေများ ၂၀၁၇ Myanmar 165.92kB file_downloadဒေါင်းလုပ်