ပို့ကုန်၊ သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ (၄/၂၀၂၄) ပြည်ပမှတင်သွင်းခြင်းအတွက် Automatic Licensing စနစ်ဖြင့် ခွင့်ပြုခဲ့သည့် ကုန်စည်လိုင်းများအား Non-Automatic Licensing စနစ်ဖြင့် ခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ (၉/၂၀၂၃) အရ Automatic Licensing စနစ်ဖြင့် ခွင့်ပြုခဲ့သည့် ကုန်စည်လိုင်းများအနက် HS Code 10 Digit ဖြင့် ကုန်စည်လိုင်း (၁၄၆၀) လိုင်းတွင်ပါဝင်သည့် ကုန်စည်များအား Non-Automatic Licensing စနစ်ဖြင့် ပြောင်းလဲခွင့်ပြုမည်ဖြစ်ကြောင်း အသိပေးကြေညာချက်အား ပို့ကုန်၊သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ (၄/၂၀၂၄) ဖြင့် (၁၆-၇-၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ထုတ်ပြန်သည့်ရက် 2024-07-16
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2024-07-18 04:45:16

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ