ပို့ကုန်၊သွင်းကုန်နှင့်ပတ်သက်သည့်သတင်းလွှာ(၃/၂၀၂၄)သွင်းကုန်လိုင်စင် (ပါမစ်အပါအဝင်) ခွင့်ပြုချက်မရရှိမီ ဆိပ်ကမ်း၊ လေဆိပ်သို့ ကြိုတင်ရောက်ရှိလာသော ကုန်ပစ္စည်းများအား တည်ဆဲဥပဒေ နှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း အသိပေးကြေညာခြင်း

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနသည် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ သွင်းကုန်လိုင်စင် (ပါမစ်အပါအဝင်) ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်းများသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိလာသော ကုန်ပစ္စည်းများအား တည်ဆဲဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း အသိပေးကြေညာချက်အား ပို့ကုန်၊သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၃/၂၀၂၄) ဖြင့် (၃၀-၅-၂၀၂၄) ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

ထုတ်ပြန်သည့်ရက် 2024-05-30
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2024-06-26 04:16:43

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ