အမိန့်ကြော်ငြာစာအမှတ်(၃၇/၂၀၂၃) ပြည်တွင်း၌ထုတ်လုပ်မည့် လောင်စာဆီ သုံးယာဉ်များ Semi-Knocked Down- SKD စနစ်နှင့် Complete Knocked Down-CKD စနစ်တို့ဖြင့် တင်သွင်းခြင်းအတွက် အကောက်ခွန်နှုန်းထား များအား ဖြေလျှော့ခွင့်ပြုသည့် အမိန့်ကြော်ငြာစာ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အကောက်ခွန်နှုန်းဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ဃ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ပြည်တွင်း၌ထုတ်လုပ်မည့် လောင်စာဆီသုံးယာဉ်များ Semi-Knocked Down- SKD စနစ်နှင့် Completely Knocked Down- CKD စနစ်တို့ဖြင့် တင်သွင်းခြင်းအတွက် အကောက်ခွန်နှုန်းထားများ ဖြေလျှော့ခွင့်ပြုခြင်းအား အမိန့်ကြော်ငြာစာအမှတ် (၃၇/၂၀၂၃) ဖြင့်၂၀၂၃ ခုနှစ်၊ မေလ ၃၁ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်သည့်ရက် 2023-05-31
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ အကောက်ခွန်ဦးစီးဌာန
ပြင်ဆင်သည့်ရက် 2023-06-14 07:35:37

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ