Resources Group Logistics Co.,Ltd ၏ တိုးချဲ့ဧရိယာသည် အများနှင့်ဆိုင်သည့် အကောက်ခွန်သိုလှောင်ရုံဖြစ်ကြောင်း ထုတ်ပြန်ခြင်း

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊အကောက်ခွန်ဦးစီးဌာနသည် ပင်လယ်ရေကြောင်းအကောက်ခွန်အက်ဥပဒေပုဒ်မ ၁၅ အရ အင်းဝလမ်း၊ စံပြရပ်ကွက်၊ ရွာသာကြီး၊ အရှေ့ဒဂုံမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးရှိ Resources Group Logistics Company Limited ၏ တိုးချဲ့ဧရိယာ ၇၅၃၀ စတုရန်းမီတာ (7530 Sqm) အကျယ်အဝန်းအား ၁၀-၆-၂၀၂၂ ရက်နေ့မှစ၍ အများနှင့်ဆိုင်သောအကောက်ခွန်ကုန်လှောင်ရုံအဖြစ် သတ်မှတ်သည့် အမိန့်ကြော်ငြာစာအား ၁၀-၆-၂၀၂၂  ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

ထုတ်ပြန်သည့်ရက် 2022-06-30
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ အကောက်ခွန်ဦးစီးဌာန
ပြင်ဆင်သည့်ရက် 2022-10-05 09:06:03

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ