အမိန့်ကြော်ငြာစာအမှတ်၊ ၃၀/၂၀၂၀ (ကျွဲ၊ နွားများကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ခြင်းနှင့် ကျွဲ၊ နွားများကို ပြည်တွင်း၌ သယ်ဆောင်ခြင်းဆိုင်ရာအမိန့်)

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနသည် တိရစ္ဆာန်များနှင့်စပ်လျဉ်း၍ ဘေးအန္တရာယ်၊ ကူးစက်ရောဂါနှင့် အခြားမလိုလားအပ်သော ကိစ္စမပေါ်ပေါက်စေရန် အတွက် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄(ခ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့၏ ၂၂-၅-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ်၊ ၃၄/ ၂၀၁၉ တို့အရ ကျွဲ၊ နွား များကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ခြင်းနှင့် ကျွဲ၊ နွားများကို ပြည်တွင်း၌ သယ်ဆောင်ခြင်းဆိုင်ရာအမိန့်အား ၁၁-၃-၂၀၂၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

 

ထုတ်ပြန်သည့်ရက် 2020-03-11
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2022-11-03 05:23:24

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ