ပို့ကုန်၊ သွင်းကုန်သတင်းလွှာ (၇/၂၀၂၁) (ပို့ကုန်/ သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသည့် ကုန်စည်စာရင်းများအနက်မှ ကုန်စည်အချို့အား လိုင်စင်လျှောက်ထားရန်မလိုဘဲ ယာယီဖြေလျှော့ခြင်းကို သက်တမ်းတိုးခြင်း)

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဉီးစီးဌာနသည် ပို့ကုန်၊ သွင်းကုန်သတင်းလွှာ (၂/၂၀၂၁) ဖြင့် ထုတ်ပြန်ခဲ့သည့် ပို့ကုန်/ သွင်းကုန်လိုင်စင်လျှောက် ထားရန်လိုသည့် ကုန်စည်စာရင်းများအနက်မှ ကုန်စည်အချို့အား လိုင်စင်လျှောက်ထားရန်မလိုဘဲ ယာယီဖြေလျှော့ခြင်းကို ၇-၆-၂၀၂၁ ရက်နေ့အထိ သက်တမ်းတိုးကြောင်းကို ပို့ကုန်၊ သွင်းကုန် သတင်းလွှာ (၇/၂၀၂၁) အား ၄-၅-၂၀၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါသတင်းလွှာ၏ ရည်ရွယ်ချက်မှာ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများအား အထောက်အကူဖြစ်စေရန်နှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရန် ဖြစ်ပါသည်။

 

ထုတ်ပြန်သည့်ရက် 2021-05-04
ဥပဒေ အမျိုးအစား Notification
ထုတ်ပြန်သည့်အဖွဲ့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
တာဝန်ယူသည့် အဖွဲ့ ကုန်သွယ်ရေးဦးစီးဌာန
ပြင်ဆင်သည့်ရက် 2022-09-29 05:07:19

picture_as_pdfအင်္ဂလိပ် picture_as_pdfမြန်မာ